အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (တောင်ကြီး)

Listing Description

အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်အတွင်း တည်ရှိပါသည်။ ၁၉၀၂ ခုနှစ်တွင် ကျောင်းသား ၇၁ ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့သော ရှမ်းပြည်နယ်၏ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာသင် ပထမဆုံး အထက်တန်းကျောင်းဖြစ်သည်။ ရှေးယခင်က စော်ဘွားကျောင်း၊ ကမ္ဘောဇကျောင်းဟု ခေါ်တွင်ခဲ့ကြပြီး စစ်ကြိုခေတ်တွင်  Shan Chief School  ရှမ်း စော်ဘွားသားသမီးနှင့် တူမြေးများ၊ အမတ်သားသမီးသမီးများသာ သီးသန့်တက်ရသော ကျောင်းဖြစ်သည်။  စစ်ပြီးခေတ်တွင် ကမ္ဘောဇကောလိပ်ဟုခေါ်တွင်သည်။  ကျောင်းပရိဝုဏ်အကျယ်အဝန်း ၁၉.၄၆ ဧက ကျယ်ဝန်းသည်။