(၉)ခုမြောက် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ခွဲ (လယ်ဝေးဘဏ်ခွဲ) ဖွင့်လှစ်

Listing Description

 

နေပြည်တော်  ဇန်နဝါရီ  ၃၀

နေပြည်တော်  ဖွံ့ဖြိုးရေးဘဏ်လီမိ တက်၏ (၉) ခုမြောက် ဘဏ်ခွဲဖြစ်သည့် လယ်ဝေးဘဏ်ခွဲ ဖွင့်လှစ်ခြင်းအခမ်း အနားကို   ယနေ့နံနက်  ၈ နာရီက နေပြည်တော်     လယ်ဝေးမြို့နယ် အမှတ်  (၇)  ရပ်ကွက်   သုခုမလမ်း ဦးပိုင်/မြေကွက်အမှတ်(လပ-၀၁၉) (လယ်ဝေးမြို့နယ်၊  အားကစားကွင်း ရှေ့)ရှိ အဆိုပါဘဏ်ခွဲ၌ ကျန်းမာရေး နှင့်     အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ     Social Distancing စနစ်ဖြင့် ကျင်းပသည်။

ဘဏ်ဖွင့်ပွဲသို့    နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ  မြို့တော်ဝန်၊ နေပြည်တော်        ဖွံ့ဖြိုးရေးဘဏ် လီမိတက်   ဒါရိုက်တာအဖွဲ့နာယက ဒေါက်တာ မျိုးအောင်၊ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်  ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း၊  နေပြည်တော်   စည်ပင် သာယာရေးကော်မတီ         ဒုတိယ မြို့တော်ဝန်၊ နေပြည်တော် ဖွံ့ဖြိုးရေး ဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ  ဦးရဲမင်းဦး၊   မြန်မာနိုင်ငံတော်  ဗဟို ဘဏ် ညွှန်ကြားရေးမှူးချုပ်  ဦးဝင်း မြင့်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဒါရိုက်တာ အဖွဲ့ဝင် များ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များနှင့် ဘဏ်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်  ဒုတိယဥက္ကဋ္ဌ  ဦးစိုးမင်း၊ နေပြည်တော်  စည်ပင်သာယာရေး ကော်မတီ        ဒုတိယမြို့တော်ဝန်၊ နေပြည်တော်        ဖွံ့ဖြိုးရေးဘဏ် လီမိတက်    ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ  ဦးရဲမင်းဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။
  
ယင်းနောက်  နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာ အဖွဲ့နာယက ဒေါက်တာမျိုးအောင်က ဘဏ်ခွဲဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး    ဘဏ်ခွဲအတွင်း လှည့်လည်ကြည့်ရှုကြသည်။

ယခု ဖွင့်လှစ်သည့် လယ်ဝေးဘဏ် ခွဲသည်   (၉) ခုမြောက်  နေပြည်တော်  ဖွံ့ဖြိုးရေးဘဏ်လီမိတက်၊  ဘဏ်ခွဲ ဖြစ်ပြီး ဘဏ်ဝန်ဆောင်မှု  လုပ်ငန်း များ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ရန်၊ ဘဏ်နှင့်ဆက်သွယ်သူ ပြည်သူ များ ဘဏ်ဝန်ဆောင်မှုများကို  လွယ် ကူချောမွေ့စွာ     ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍   ဖွင့်လှစ်ရခြင်းဖြစ်သည်။ 

သတင်းစဉ်