"ဇမ္ဗူသီရိ"

ဇမ္ဗူသီရိမြို့နယ်ကို ပြည်ထဲရေး ဝန်ကြီးဌာန၏ (၂၆.၉.၂၀၀၉) ရက်စွဲပါ စာဖြင့် ရပ်ကွက် ၁၂ ခု၊ ကျေးရွာအုပ်စု ၂ စု၊ ကျေးရွာပေါင်း ၄ ရွာ ဖြင့် ဖွဲ့စည်းထားရှိခဲ့ပြီး လူဦးရေပေါင်း ၉၉၀၀၀ ကျော်နေထိုင်ပါသည်။ အရှေ့မှအနောက်သို့ ၉.၅ မိုင်၊ တောင်မှမြောက်သို့ ၄.၄ မိုင် ရှည်လျားပြီး ၂၅.၇ စတုရန်းမိုင် ကျယ်ဝန်းသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၁၀ အထက်တွင် တည်ရှိသည်။ အရှေ့ဘက်တွင် ပျဉ်းမနားမြို့နယ်၊ တောင်ဘက်နှင့် အနောက်ဘက်တွင် ဒက္ခိဏသီရိမြို့နယ်၊ မြောက်ဘက်တွင် ဥတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့ တည်ရှိပါသည်။ မြစ်ချောင်းများနည်းပါးပြီး ငလိုက်ချောင်းမှာ မြို့နယ်၏ အရှေ့ဘက်နယ်နိမိတ်ကို ဖြတ်သန်း စီးဆင်းလျှက်ရှိသည်။ ထင်ရှားသောရေကန်များမှာ ကံ့ကော်လျှိုပိတ်တမံ၊ ပိတောက်အိမ်ယာလျှိုပိတ်ကန်၊ ဘူးကွဲချောင်း ပိတ်ကန်နှင့် သံပုရာခြံရေကန်တို့ဖြစ်သည်။ သင့်တင့်မျှတသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၅.၃˚C ဖြစ်သည်။ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်အတွင်းရှိ ပြည်သူများသည် စိုက်ပျိုးရေး၊ ဝန်ဆောင်မှုလုပ်ငန်းများကို အဓိကလုပ်ကိုင်ပြီး  အဓိက ထွက်ကုန်မှာ စပါး၊ မတ်ပဲ တို့ဖြစ်သည်။ မော်တော်ယာဉ်လိုင်းများဆုံရာ လမ်းမပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ ဇမ္ဗူသီရိမြို့နယ်၊ ညောင်ပင်ကြီးစု ကျေးရွာမှ ဘုရားများသည် “နေပြည်တော်ပုဂံ” ဟု ထင်ရှားပါသည်။

Attractions in ဇမ္ဗူသီရိ