"ရွှေဘို"

ရွှေဘိုမြို့နယ်သည် အရှေ့ဘက်တွင် ဧရာဝတီမြစ်၊ အနောက်ဘက်တွင် မူးမြစ်နှင့်ဒီပဲရင်းမြို့နယ်၊ တောင်ဘက်တွင် ဝက်လက်မြို့နယ်၊ မြောက်ဘက်တွင်ခင်ဦးမြို့နယ်တို့နှင့် နယ်နမိတ်ခြင်း ထိစပ်လျက်ရှိပါသည်။ မုဆိုးဖို၊ ကုန်းဘောင်၊ ရန်ကြီးအောင်၊ ရတနာသိင်္ဃ၊ ရွှေဘိုဟူ၍ ငါးမည်ရမြို့အဖြစ် လည်းထင်ရှားသည်။ ပင်လယ်ရေမျက်နှာပြင်အထက် (၃၃၇ပေ) အထက်တွင်တည်ရှိ၍ အမြင့်ဆုံးအပူချိန်မှာ (၄၄.၀) ဒီဂရီစင်တီဂရိတ် ရှိပါသည်။ (၄၁၂.၁၉)စတုရန်းမိုင်ကျယ်ဝန်း၍ မြစ်ချောင်းများမှာ မြောက်မှတောင်သို့ စီးဆင်းလျက်ရှိသည်။ ထင်ရှားသောမြစ်ချောင်းများမှာ ဧရာဝတီမြစ်နှင့်မူးမြစ်တို့ဖြစ်သည်။ ရွှေဘိုမြို့နယ်ကို ကျောက်မြောင်းမြို့အပါရပ်ကွက်(၁၄)ခု၊ ကျေးရွာအုပ်စု(၇၂)စုနှင့် ကျေးရွာပေါင်း(၁၆၉)ရွာဖြင့် ဖွဲစည်းထားပါသည်။ လူဦးရေ(၂၇၀၀၀၀ကျော်) နေထိုင်ကာ(၇၀ရာခိုင်နှန်း)ဖြစ်သော ကျေးလက်နေပြည်သူများမှာ စိုက်ပျိုးရေးဖြင့် အသက်မွေးကြပါသည်။ အဓိကစိုက်ပျိုးသီးနှံမှာ စပါးဖြစ်ပြီး ရွှေဘိုပေါ်ဆန်းဆန်မှာ ထင်ရှားသည်။ ရွှေဘိုမြို့နယ်သည် မန္တလေးမဟာဗျူဟာလမ်းပေါ်တည်ရှိခြင်း၊ ရွှေဘို-ရေဦးလမ်းမှတဆင့်မုံရွာ-ကလေးဝလမ်းသို့ ဆက်သွယ်သွားလာနိုင်ခြင်း၊ ဧရာဝတီမြစ်ကူး “ရတနာသိင်္ဃ”တံတားအားဖြတ်၍ မိုးကုတ်နှင့် အခြားမြို့များသို့ ဆက်သွယ်သွားလာနိုင်ခြင်း စသည့်အချက်အချာကျသည့်နေရာတွင် တည်ရှိခြင်းနှင့် သဖန်းဆိပ်ဆည်၊ ကာဘိုးဆည်၊ ကင်းတပ်ဆည်တို့မှ စိုက်ပျိုးရေဖြင့် စိုက်ပျိုးထုပ်လုပ်နိုင်ခြင်းတို့ကြောင့် စီးပွားရေးဖွံဖြိုးမှုကောင်းသော မြို့နယ်တစ်ခုအဖြစ် သုံးသပ်ရပါသည်။

Attractions in ရွှေဘို