"ရေတာရှည်"

ရေတာရှည်မြို့နယ် ရှေ့ရိုးမနှင့် အနောက်ဘက် ပဲခူးရိုးမကြား တည်ရှိပြီး မြစ်ချောင်းပေါများရာ ဒေသတစ်ခုဖြစ်ပါသည်။ စစ်တောင်းမြစ်မှာ မြောက်မှတောင်သို့ ဖြတ်စီးလျှက် အရှေ့ရိုးမနှင့် အနောက်ဘက် ပဲခူးရိုးမချောင်းများမှာ စစ်တောင်းမြစ်ထဲသို့ စီးဝင်ကြသည်။ အရှေ့ဘက်တွင် သံတောင်၊ အနောက်ဘက်တွင်အောင်လံ၊ တောင်ဘက်တွင်တောင်ငူ၊ မြောက်ဘက်တွင် လယ်ဝေးမြို့နယ်များနှင့် ထိစပ်လျှက်ရှိသည်။ မီးရထားလမ်းမိုင်တိုင်အမှတ် (၁၈၇/၁၅) မှ (၂၁၆/၂၀)၊ မော်တော်ကားလမ်း မိုင်တိုင်အမှတ် (၁၈၇/၀) မှ (၂၁၇/၀) တို့အတွင်းကို မြို့နယ်ဧရိယာအဖြစ် မှတ်ယူနိုင်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှပေ (၂၀၀) အထက်တွင်ရှိပြီး အမြင့်ဆုံးတောင်မှာ ဖိုးကျားတောင်(၃၂၀)ပေဖြစ်သည်။ ပူအိုက်စွတ်စိုသော ရာသီဥတုရှိ၍ အမြင့်ဆုံးအပူချိန်မှာ (၃၇) ဒီဂရီစင်တီဂရိတ်ရှိသည်။ ရေတာရှည်မြို့နယ်ကို ရပ်ကွက်(၁၇)ခု၊ ကျေးရွာအုပ်စု(၄၈)စုနှင့် ကျေးရွာပေါင်း (၂၉၅)ရွာဖြင့် ဖွဲ့စည်းထားကာ ဧရိယာစတုရန်းမိုင် ()မိုင် ကျယ်ဝန်း၍ လူဦးရေ(၂၁၀၀၀၀)ကျော် နေထိုင်ပါသည်။

Attractions in ရေတာရှည်