"ဥတ္တရသီရိ"

ဥတ္တရသီရိမြို့နယ်ကို ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၃.၄.၂၀၁၃) ရက်စွဲပါစာအမှတ်ဖြင့် ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၈ စု၊ ကျေးရွာပေါင်း ၄၉ ရွာဖြင့် ဖွဲ့စည်းထားရှိပြီး လူဦးရေပေါင်း ၆၂၀၀၀ ကျော် နေထိုင်ပါသည်။ အရှေ့မှအနောက်သို့ ၂၃ မိုင်ခန့်၊ တောင်မှမြောက်သို့ ၁၈ မိုင် ရှည်လျားပြီး ၃၂၀.၉၇ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် ပုဗ္ဗသီရိ၊ တောင်ဘက်တွင် ဒက္ခိဏသီရိ၊ ဇမ္ဗူသီရိနှင့် လယ်ဝေး၊ မြောက်ဘက်တွင် တပ်ကုန်း၊ အနောက်ဘက်တွင် တောင်တွင်းကြီးမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိသည်။ တောင်ကုန်းတောင်တန်း ပေါများပြီး တောင်တန်းများသည် မြောက်မှတောင်သို့ သွယ်တန်းလျှက် ရှိသည်။ မြစ်ချောင်းများနည်းပါးပြီး မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသည်။ တောင်ညိုချောင်းသည် ပျဉ်းမနား-တောင်ညိုကားလမ်းနှင့်အပြိုင် စီးဆင်းပြီး ငလိုက်ချောင်းအဖြစ် ဇမ္ဗူသီရိမြို့နယ်အတွင်း စီးဆင်းပါသည်။ ငလိုက်ချောင်းသည် ထင်ရှားပြီး ဥတ္တရသီရိမြို့နယ်ကိုဖြတ်၍ မြောက်မှတောင်သို့ စီးဆင်းသည်။ ရေအရင်းအမြစ်အများစုမှာ ရေချိုဖြစ်သောကြောင့် စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုပါသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှအမြင့် ၅၂၀ ပေတွင် တည်ရှိပါသည်။ အများအားဖြင့် အပူပိုင်းမုတ်သုံရာသီဥတုရှိပြီး အမြင့်ဆုံး အပူချိန်မှာ ၃၆.၁၁ ဒီကရီစင်တီဂရိတ်ဖြစ်သည်။ ဒေသခံများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး အိမ်တွင်းလက်မှု လုပ်ငန်းများကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး အဓိကထွက်ကုန်မှာ ဆန်စပါး ဖြစ်သည်။ မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီးနှင့် ငလိုက်ကန်သာအပန်းဖြေစခန်းမှာ အထူးထင်ရှားသည်။

Attractions in ဥတ္တရသီရိ