"စစ်တွေ"

စစ်တွေမြို့နယ်တွင် ရပ်ကွက် ၃၃ ခု၊ ကျေးရွာအုပ်စု ၂၇ စု၊ ကျေးရွာပေါင်း ၈၈ ရွာ ပါဝင်ပြီး လူဦးရေပေါင်း ၃၁၀၀၀၀ ကျော် နေထိုင်ပါသည်။ စစ်တွေမြို့နယ်သည် အရှေ့မှအနောက်သို့ ၉.၈၈ မိုင်၊ တောင်မှမြောက်သို့ ၁၃.၂၄ မိုင်ရှည်လျားပြီး ၈၉.၂၄ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၁၅ ပေ အထက်တွင် တည်ရှိပါသည်။ အင်္ဂလိပ်-မြန်မာပထမစစ် (၁၈၂၄-၂၅) အပြီး ၁၈၂၆ ဇန်နဝါရီ ၁၂ ရက်နေ့တွင် အင်္ဂလိပ်တို့သည် စစ်တွေမြို့ကို တည်ထောင်ခဲ့သည်။ စစ်တွေမြို့နယ်၏ အရှေ့ဘက်တွင် ပေါက်တောမြို့နယ်နှင့် ကုလားတန်မြစ်၊ တောင်ဘက်နှင့် အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ မြောက်ဘက်တွင် ပုဏ္ဏားကျွန်းမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့ တည်ရှိပါသည်။ စစ်တွေမြို့နယ်သည် တောင်ကုန်း တောင်တန်းမရှိဘဲ မြေမျက်နှာသွင်ပြင် ညီညာသည့် ပင်လယ်ကမ်းခြေ ဒေသဖြစ်ပါသည်။ စစ်တွေမြို့နယ်သည် မြစ်ချောင်းများ ပေါများပြီး မြစ်ချောင်းများသည် အရှေ့မြောက်မှ အနောက်တောင်သို့ စီးဆင်းလျှက် ရှိသည်။ ကြွီတဲမြစ်၊ ကုလားတန်မြစ်တို့မှာ ထင်ရှားသော မြစ်များဖြစ်သည်။ စစ်တွေမြို့နယ်တွင် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၄.၅˚C ဖြစ်သည်။ စစ်တွေမြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ် ဖြစ်သည်။ ဒေသခံများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မွေးမြူရေးလုပ်ငန်းကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။ အခြားပြည်နယ်နှင့် တိုင်းဒေသများသို့ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းများဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ မြို့နယ်၏ အဓိထွက်ကုန်မှာ ဆန်စပါးနှင့် သားငါးဖြစ်ပါသည်။

Attractions in စစ်တွေ