"စစ်ကိုင်း"

စစ်ကိုင်းမြို့နယ်သည် တောင်ကုန်းတောင်တန်းငယ်များနှင့် မြေပြန့်လွင်ပြင်များ ရောနောသော မြေမျက်နှာသွင်ပြင်တည်ရှိ၍ ရေမျက်ကြီးအင်း၊ ရေခါးအင်း၊ ကောင်းမှုတော်အင်း အစရှိသောအင်း(၃၅)အင်း တို့လဲရှိပါသည်။ မြို့နယ်၏အရှေ့ဘက်နှင့် တောင်ဘက်တွင် ဧရာဝတီမြစ် ၊တံတားဦး၊ ငန်းဇွန်နှင့် အနောက်ဘက်တွင် မူးမြစ်၊ မြင်းမူမြို့နယ်မြောက်ဘက်တွင် ဝက်လက်မြို့နယ်တို့က နယ်နမိတ်ထိစပ်ပိုင်ခြားလျှက်ရှိ‌နေပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ (၃၀၀)ပေအထက်တွင်တည်ရှိ၍ အမြင့်ဆုံးနေရာမှာ ရွှေမြင်တင်တောင်ထိပ်(၁၃၇၃ ပေ) ဖြစ်ပါသည်။ အမြင့်ဆုံးအပူချိန်မှာ (၄၃)ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ စစ်ကိုင်းမြို့နယ်ကို ဆားတောင်မြို့အပါ ရပ်ကွက်၃၄ခု ၊ ကျေးရွာအုပ်စု ၇၆ခု၊ကျေးရွာပေါင်း ၁၇၇ တို့ဖြင့်ဖွဲစည်းထားပါသည်။ လူဦးရေစုစုပေါင်း(၂၈၀၀၀၀)ကျော်နေထိုင်ကြပါသည်။ မြို့နယ်ဧရိယာစတုရန်းမိုင် ၄၈၅.၁၆ ရှိ၍ ကုန်းလမ်းရေလမ်း၊ ရေလမ်းများဖြင့်သွားလာနိုင်သဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မြို့နယ်တစ်ခုဖြစ်ပါသည်။

Attractions in စစ်ကိုင်း