"ပြင်ဦးလွင်"

ပြင်ဦးလွင်မြို့နယ်သည် ရပ်ကွက် ၂၁ ခု၊ ကျေးရွာအုပ်စု ၃၇ စု၊ ကျေးရွာပေါင်း ၁၁၆ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၂၁၄၅၀၅ ကျော်နေထိုင်ပါသည်။ မြို့နယ်သည် အရှေ့မှအနောက်သို့ ၃၀ မိုင်နှင့်တောင်မှ မြောက်သို့ ၄၆ မိုင်ရှည်လျားပြီး မြို့နယ်ဧရိယာအကျယ်အဝန်း ၇၆၃.၇၄ စတုရန်းမိုင်ရှိသည်။ ပြင်ဦးလွင်မြို့နယ်၏အရှေ့ဘက်နှင့် မြောက်ဘက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အနောက်ဘက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ် တောင်ဘက်တွင်ကျောက်ဆည်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။ ပြင်ဦးလွင်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အထက် အနိမ့်ဆုံး ၂၀၅ပေ အမြင့်ဆုံး ၄၂၉၅ ပေဖြစ်ပြီး  ပြင်ဦးလွင်မြို့၏ တည်နေရာမှာ ပင်လယ်ရေမျက်နှာပြင်ထက် ၃၅၃၈ပေ အမြင့်တွင် တည်ရှိပါသည်။ မြေအမျိုးအစားမှာ တောင်ကုန်းတောင်တန်း ဖြစ်ပြီး ရေဆင်း အရင်းအမြစ်အဖြစ်ပွဲကောက်၊ဓါတ်တော်ချိုင့်၊ ပိတ်ချင်း မြှောင်၊ ကန်တော်ကြီး၊ ကန်တော်လေးတို့ရှိပါသည်။ မြေနိမ့်ချိုင့်ဝှမ်းများမှာ ဓါတ်တော်ချိုင့်၊ ပွဲကောက်၊ ပိတ်ချင်းမြှောင်တို့ဖြစ်ပါသည်။ ပြင်ဦးလွင်မြို့နယ်သည် ... မြစ်ချောင်းများနည်းပါးသည့်ဒေသ တစ်ခုဖြစ်ပြီးမြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျက် ရှိပါသည်။ ထင်ရှားသောမြစ်မှာဒုဌ၀တီမြစ်ဖြစ်ပြီး ပြင်ဦးလွင်မြို့အနီး မှဖြတ်၍ မြောက်မှတောင်သို့ စီးဆင်းပါသည်။

ဒေသသမိုင်းအကျဉ်း

ပြင်ဦးလွင်မြို့သည်မဟာသောဘိတရာမတိုက် (ဈေးတောင် ကျောင်းကြီး) တည်ရှိသည့်  အောင်မြေဘုံသာမဟာဆုတောင်းပြည့် ဘုရား ခြေတော်ရင်းတွင် သက္ကရာဇ် ၁၂၇၀ အေဒီ ၁၉၀၈ တွင်ရေးထိုး စိုက်ထူခဲ့ သည့်ကျောက်စာအရ ပုဂံမင်းလက်ထက် သက္ကရာဇ် ၁၂၁၂  အေဒီ ၁၈၅၀ တွင် စတင်တည်ထောင်ခဲ့သည်ဟု သိရှိရကြောင်း "ပြင်ဦး" ဆိုသည့် အမည်ကို သက္ကရာဇ်၁၁၄၉အေဒီ၁၇၈၇ ပဒုံမင်းလက်ထက်တွင် ထုတ်ပြန်သည့် အမိန့်တော်တစ်ခု၌ အုန်းတော၊ ငှက်ကြီးသိုက်၊ ဆင်ခေါင်းကြီး၊ ဝက်ဝံဟူ၍ ရွာအမည်များနှင့် တွဲလျှက်ပါရှိနေသော ကြောင့် သက္ကရာဇ်၁၁၄၉ အေဒီ ၁၇၈၇ တည်ရှိနေသည်ဟုယူဆရပါကြောင်း ၁၈၈၆ခုနှစ်တွင် အမှတ်(၅) ဘင်္ဂလားတပ်ရင်းမှ ဗိုလ်မှူးမေ ပြင်ဦးလွင်သို့ရောက်ရှိလာပြီး ရွာမှမြို့ အဆင့်တိုးမြှင့်ဆောင်ရွက်ခဲ့ သောကြောင့် ဗိုလ်မှူးမေကိုဂုဏ်ပြုပြီး ပြင်ဦးလွင်မှမေမြို့ဟု ပြောင်းလဲ ခေါ်တွင်ခဲ့ကြောင်း ၁၉၈၉ခုနှစ်၊ နို၀င်ဘာ ၁၈ ရက်နေ့ ပြည်ထဲရေးနှင့် သာသနာရေး၀န်ကြီး အမိန့်ကြော်ငြာစာဖြင့် မေမြို့မြို့နယ်နှင့် မေမြို့ အမည်များကို ပြင်ဦးလွင်မြို့နယ်နှင့် ပြင်ဦးလွင်မြို့ဟု ပြင်ဆင် သတ်မှတ်ခဲ့ပြီး နှစ် ၁၀၀ ပွဲတော်ကိုလည်း ၁၉၉၆ ခုနှစ်၊ ဧပြီလ ၃၀  ရက်နေ့မှ မေ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြင်ဦးလွင်မြို့ရှိ လည်ပတ်စရာနေရာအချို့

Attractions in ပြင်ဦးလွင်