"ပုဗ္ဗသီရိ"

ပုဗ္ဗသီရိမြို့နယ်အား ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၆.၃.၂၀၀၉) ရက်စွဲပါအမိန့်ကြော်ငြာစာအရ မူလနေပြည်တော်မြို့နယ်မှ ခွဲထုတ်၍ (၁၄.၆.၂၀၁၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ရပ်ကွက် ၁၇ ခု၊ ကျေးရွာအုပ်စု ၁၈ စု၊ ကျေးရွာပေါင်း ၇၂ ရွာဖြင့် ဖွဲ့စည်း ထားရှိပြီး ဖြစ်ပါသည်။ လူဦးရေပေါင်း ၁၀၀၀၀၀ ကျော် နေထိုင်ပါသည်။ အရှေ့မှအနောက်သို့ ၈ မိုင်၊ တောင်မှမြောက်သို့ ၁၃ မိုင် ရှည်လျားပြီး ၉၃.၁၄ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် ဇေယျာသီရိ၊ တောင်ဘက်တွင် ပျဉ်းမနားနှင့် ဇမ္ဗူသီရိ၊ အနောက်ဘက်တွင် ဥတ္တရသီရိ၊ မြောက်ဘက်တွင် တပ်ကုန်းမြို့နယ်တို့ တည်ရှိသည်။ ဆင်သေချောင်းသည် မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်း၍ ပေါင်းလောင်းမြစ်အတွင်းသို့ စီးဝင်ပါသည်။ ရေအများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုနိုင်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၂၀ အထက်တွင် တည်ရှိသည်။ ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၂˚C ဖြစ်သည်။ စီးပွားရေးအရ အရေးပါသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကုန်းလမ်းဆုံရာဒေသဖြစ်၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ အဓိကထွက်ကုန်မှာ စပါး၊ ပဲမျိုးစုံ၊ ကြံတို့ ဖြစ်သည်။ ပုဗ္ဗသီရိမြို့နယ်မှ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် ဗုဒ္ဓဂါယာတို့မှာ အထူးထင်ရှားသည်။

ဆက်စပ်ဖတ်ရှုရန်သတင်းများ ၁

ဆက်စပ်ဖတ်ရှုရန်သတင်းများ ၂

Attractions in ပုဗ္ဗသီရိ