"ပခုက္ကူ"

၂၀၁၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၅၆/၂၀၁၅ ဖြင့် ကမ္မကျေးရွာအုပ်စုအား ရပ်ကွက် ၁၂ ရပ်ကွက်ပါဝင်သော ကမ္မမြို့အဖြစ် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ပခုက္ကူမြို့နယ်သည် မြို့ ၂ မြို့၊ ရပ်ကွက် ၂၇ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၄ စု၊ ကျေးရွာပေါင်း ၂၄၅ ရွာဖြင့် ပြုပြင်ဖွဲ့စည်းထားရှိပါသည်။ လူဦးရေပေါင်း ၃၁၁၀၀၀ ကျော် နေထိုင်သည်။ အရှေ့မှအနောက်သို့ ၃၄ မိုင်၊ တောင်မှမြောက်သို့ ၁၁ မိုင် ရှည်လျားသည်။ ပခုက္ကူမြို့နယ်သည် ၄၈၅.၈၃၉ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် ဧရာဝတီမြစ်၊ တောင်သာမြို့နယ်၊ တောင်ဘက်တွင် ဧရာဝတီမြစ်၊ ညောင်ဦးမြို့နယ်၊ အနောက်ဘက်တွင် ပေါက်မြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ မြောက်ဘက်တွင် မြိုင်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိသည်။ ဧရာဝတီမြစ်နံဘေးတွင် တည်ရှိပြီး မြေနိမ့် ချိုင့်ဝှမ်းများမရှိဘဲ မြေပြန့်လွင်ပြင်များသာ ရှိပါသည်။ အနောက်ဘက်တွင် တန့်ကြည့်တောင်တန်း (၁၀၄၀ပေ) နှင့် တက်မ တောင်တန်း (၁၁၂၇ပေ) တို့ရှိသည်။ ဧရာဝတီမြစ်သည် အရှေ့မှအနောက်သို့၊ မြောက်မှတောင်သို့ လှည့်ပတ်စီးဆင်းနေသည်။ ဧရာဝတီမြစ်တွင် သင်္ဘော၊ စက်လှေများ သွားလာနိုင်သည်။ ၎င်းမြစ်မှာ ရေချိုဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေ အသုံးပြုနိုင်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ ၂၁၁.၆၉ ပေအထက်တွင် တည်ရှိသည်။ မိုးခေါင်ရေရှားရာသီဥတု ရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၅.၁˚C ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှုလုပ်ငန်းနှင့် ရောင်းဝယ်ရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်ကြပြီး ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း စီးပွားဖြစ်လုပ်ကိုင်ကြသည်။ အခြားဒေသများသို့ ကုန်းလမ်း၊ ရေကြောင်းလမ်းများဖြင့် သွားလာနိုင်သည်။ အဓိကထွက်ကုန်များမှာ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများဖြစ်သည်။

Attractions in ပခုက္ကူ