"ပင်းတယ"

ပင်းတယမြို့နယ်ကို ရပ်ကွက် ၁၂ ခု၊ ကျေးရွာ အုပ်စု ၂၇ စု၊ ကျေးရွာပေါင်း ၁၃၇ ရွာ ဖြင့် ဖွဲ့စည်းထားရှိပြီး လူဦးရေပေါင်း ၈၃၀၀၀ ကျော် နေထိုင်ပါသည်။ မြောက်ဘက်တွင် ရပ်စောက်မြို့နယ်၊ အနောက်ဘက်တွင် ရွာငံမြို့နယ်၊ အရှေ့ဘက်နှင့် တောင်ဘက်တွင် ကလောမြို့နယ် တို့ တည်ရှိသည်။ မြေမျက်နှာသွင်ပြင်မှာ ညီညာပြန့်ပြူးခြင်း မရှိပါ။ မြို့၏ အနောက်ဘက်စွန်းရှိ တောင်နှင့်မြောက် သွယ်တန်းလျှက်ရှိသော တောင်တန်းများသည် ရွာငံမြို့နှင့် နယ်နိမိတ် ပိုင်းခြား ထားသကဲ့သို့ ရှိပါသည်။ မြို့နယ်၏ အနောက်မြောက်ဘက်တွင် ရှိသော အရှေ့မြင် အနောက်မြင်တောင် (၇၇၅၂ပေ) မှာ ထင်ရှားပြီး မြို့၏အနောက်ဘက်တွင် ရှိသော ပွေးတောင်နှင့် မြသိန်းတန်တောင်တန်းမှာလည်း ထင်ရှားသည်။ ပုန်းတလုတ်ရေကန်မှာ မြို့လယ်ခေါင်တွင် တည်ရှိပြီး ၈၃.၁၂၃ ဧက ကျယ်ဝန်းပါသည်။ ဇော်ဂျီမြစ်၏ မြစ်ဖျားခံရာ ဇော်ဂျီချောင်းသည် တောင်မှမြောက်သို့ သွယ်တန်းလျှက်ရှိသည်။ ပင်းတယမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၃၈၈၀ ပေအထက်တွင် တည်ရှိ သည်။ မျှတသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၄˚C ဖြစ်သည်။ ပင်းတယမြို့နယ်သည် စီးပွားရေးတိုးတက်မှု ပုံမှန်အနေအထားတွင် တည်ရှိပါသည်။ ပြည်သူများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ ကုန်းလမ်းကိုအဓိကအသုံးပြုပြီး အဓိကလမ်းမကြီးပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ အဓိက ထွက်ကုန်မှာ စပါး၊ လက်ဖက်၊ အစေ့ထုတ်ပြောင်း၊ ပဲအမျိုးမျိုး၊ ကော်ဖီ၊ ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီတို့ဖြစ်သည်။ ပင်းတယမြို့နယ်၊ ငှက်ပျောတောမှ ရွှေဥမင်ဘုရားသည် အထူးထင်ရှားသည်။

Attractions in ပင်းတယ