"ပဲခူး"

ပဲခူးမြို့သည် မင်းနေပြည်တော်အဖြစ် ထီးနန်းစိုက်ခဲ့ရာမြို့ဖြစ်သည်။ အထူးတဖြင့် မွန်တို့ ကြီးစိုးခဲ့ရာဒေသဖြစ်ခဲ့သည်။ ပဲခူးမြို့၏ ဧရိယာအကျယ်အဝန်းမှာ (၁၁၂၁.၆၆) စတုရန်းမိုင်ကျယ်ဝန်း၍ ဘုရားကြီးမြို့နှင့် အင်းတကော်မြို့တို့မှာ ပဲခူးမြို့နယ်တွင်းမှ မြို့များဖြစ်ကြသည်။ အရှေ့ဘက်တွင် ဝေါနှင့် သနပ္ပပင်၊ အနောက်ဘက်တွင် လှည်းကူး၊ တိုက်ကြီး၊ သာယာဝတီ၊ တောင်ဘက်တွင် ကဝ၊ မြောက်ဘက်တွင် ဒိုက်ဦး၊ လက်ပတန်းမြို့နယ်တို့ တည်ရှိကြပါသည်။ ပဲခူးမြို့နယ်သည် ပဲခူးရိုးမတောင်ကြော၏အရှေ့ဘက် ရေဆင်းဖြစ်၍ မြို့နယ်တစ်ခုလုံး၏ အနောက်ဘက်ခြမ်းသည် သစ်တောများ ဖုံးလွှမ်းသည့် ကုန်းမြင့်ပိုင်းဖြစ်သည်။ ပဲခူးမြို့နယ်သည် ပဲခူးမြစ်ကိုအခြေခံ၍ တည်ရှိပြီး ပဲခူးမြစ်သည် ပဲခူးရိုးမပေါ်ရှိ ဆင်နှာမောင်းတောင်တွင် မြစ်ဖျားခံ၍ တောင်ဘက်ရှိ ရန်ကုန်မြစ်အတွင်းသို့ စီးဆင်းပါသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှ (၃၁) ပေအထက်တွင်ရှိပြီး ပူအိုက်စိုစွတ်သောရာသီဥတုရှိကာ အမြင့်ဆုံးအပူချိန်မှာ (၁၆.၄၀) ဒီဂရီ စင်တီဂရိတ်ရှိသည်။ ဘုရားကြီး၊ အင်းတကော်မြို့များအပါ ပဲခူးမြို့နယ်ကို ရပ်ကွက်(၄၀)၊ ကျေးရွာအုပ်စု(၆၆)စု၊ ကျေးရွာပေါင်း (၂၁၁) ရွာတို့ဖြင့်ဖွဲစည်းထားပြီး မြို့နယ်တွင်း လူဦးရေစုစုပေါင်း (၄၃၀၀၀၀) ကျော် နေထိုင်ကြပါသည်။ ကုန်းလမ်းရေလမ်းများဆုံရာ လမ်းမပေါ်တွင်တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မြို့နယ်တစ်ခုဖြစ်ပါသည်။

Attractions in ပဲခူး