"ညောင်ရွှေ"

ညောင်ရွှေမြို့နယ်တွင် ရပ်ကွက်ပေါင်း ၈ ခု၊ ကျေးရွာအုပ်စုပေါင်း ၃၅ စု၊ ကျေးရွာပေါင်း ၄၅၅ ရွာပါဝင်ပြီး လူဦးရေပေါင်း ၁၈၀၀၀၀ ကျော် နေထိုင်ပါသည်။ ညောင်ရွှေမြို့နယ်သည် အရှေ့မှအနောက်သို့ ၇ မိုင်၊ တောင်မှမြောက်သို့ ၃၆ မိုင်ရှည်လျားပြီး ၅၇၄.၈၄၆၆ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် တောင်ကြီးနှင့်ဆီဆိုင်၊ အနောက်ဘက်တွင် ကလောနှင့်ပင်လောင်း၊ မြောက်ဘက်တွင် တောင်ကြီး၊ တောင်ဘက်တွင် ဖယ်ခုံမြို့နယ်တို့ တည်ရှိသည်။ မြို့နယ်၏ အရှေ့ဘက်နှင့် အနောက်ဘက်တွင် တောင်မြောက် သွယ်တန်းနေသော တောင်တန်းကြီးနှစ်ခု ရှိပါသည်။ ညောင်ရွှေမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့် ၂၉၅၀ ပေအထက်တွင် တည်ရှိသည်။ သမနွေးပိုင်း ရာသီဥတုဖြစ်ပြီး အမြင့်ဆုံးအပူချိန်မှာ ၄၆.၆ ဒီဂရီ စင်တီဂရိတ် ဖြစ်သည်။ ညောင်ရွှေမြို့နယ်သည် စီးပွားရေး တိုးတက်မှု သင့်တင့်သော မြို့နယ်တစ်ခု ဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေး၊ ဝန်ဆောင်မှုလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ ဒေသအတွင်း ရေလမ်းကြောင်းများ ရှိကာ ပြည်မနှင့်လည်း ဆက်သွယ်သည့် ကုန်းလမ်းများရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ အဓိကထွက်ကုန်မှာ ခရမ်းချဉ်သီးဖြစ်သည်။ ညောင်ရွှေမြို့နယ်မှ အင်းလေးကန်သည် အထူးထင်ရှားသည်။

Attractions in ညောင်ရွှေ