"နတ်မောက်"

ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၁၉၇၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရပ်ကွက် ၇ ခု၊ ကျေးရွာအုပ်စု ၇၃ စု၊         ကျေးရွာပေါင်း ၂၃၄ ရွာရှိပါသည်။ လူဦးရေပေါင်း ၂၄၁၀၀၀ ကျော် နေထိုင်ကြသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅၇၀ တွင်တည်ရှိပါသည်။ အရှေ့မှ အနောက်သို့ ၄၃ မိုင်၊ တောင်မှမြောက်သို့ ၃၂ မိုင်ရှည်လျားပါသည်။ နတ်မောက်မြို့နယ်သည် ၈၉၁.၆ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် မိတ္ထီလာ၊ ပျော်ဘွယ်နှင့် ရမည်းသင်းမြို့နယ်၊ တောင်ဘက်တွင် မြို့သစ်မြို့နယ်နှင့် မကွေးမြို့နယ်၊ အနောက်ဘက်တွင် ရေနံချောင်းမြို့နယ်၊ မြောက်ဘက်တွင် ကျောက်ပန်းတောင်းမြို့နယ်တို့ တည်ရှိသည်။ တောတောင်ထူထပ်၍ တောင်ကုန်း၊ ကုန်းမြင့်ဒေသများနှင့် ချိုင့်ဝှမ်း ပေါများသည်။ အမြဲစီးဆင်းသော မြစ်ချောင်းမရှိဘဲ ယင်းချောင်းနှင့် ပင်းချောင်းဟူ၍ ချောင်းနှစ်ချောင်းသာရှိပါသည်။ ယင်းချောင်း (အရှည်မိုင် ၄၁ မိုင်) နှင့် ပင်းချောင်း (အရှည်မိုင် ၃၉ မိုင်) တို့သည် မြောက်မှတောင်သို့ စီးဆင်းကြပါသည်။ ၎င်းချောင်းများသည် မိုးရွာစဉ်ကာလတွင်သာ စီးဆင်းသော သဲချောင်းများသာဖြစ်သည်။ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းအတွင်း၌ တည်ရှိပြီး ပူပြင်းခြောက်သွေ့သော ဒေသဖြစ်သည်။ အမြင့်ဆုံးအပူချိန်မှာ ၄၅˚C ဖြစ်သည်။ အပူအအေး လွန်ကဲသော ရာသီဥတုမျိုး ဖြစ်သည်။ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှု ရှိသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံ ပြည်သူများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး တနိုင်တပိုင်လုပ်ငန်းများကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။ အခြားဒေသများသို့ ကုန်းလမ်းဖြင့်သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။ အဓိကထွက်ကုန်များမှာ နှမ်း၊ စပါး၊ ပဲအမျိုးမျိုး၊ ဝါ၊ နေကြာ၊ အစေ့ထုတ်ပြောင်းတို့ဖြစ်သည်။ နတ်မောက်မြို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးဖွားရာ ဇာတိမြို့ ဖြစ်သည်။

Attractions in နတ်မောက်