"မြင်းခြံ"

မြင်းခြံမြို့နယ်သည် ဧရိယာအကျယ်အဝန်း ၃၇၄.၂၈၇ စတုရန်းမိုင်ရှိပါသည်။ မြင်းခြံမြို့နယ်၏ အရှေ့ဘက်တွင် နွားထိုးကြီးမြို့နယ်နှင့် ၃၈မိုင်၊ ၄ ဖာလုံ နယ်နမိတ်ထိစပ်လျက်ရှိပြီး တောင်ဘက်တွင်တောင်သာမြို့နယ်နှင့် ၁၇မိုင်၊ ၄ဖာလုံ နယ်နမိတ်ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် မကွေး တိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်နှင့် ၁၆မိုင်၊ ၂ဖာလုံ၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊မြောင်မြို့နယ်တို့နှင့် ၁၅မိုင် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ငါန်းဇွန် မြို့နယ်တို့နှင့် ၁၈မိုင်၊ ၄ဖာလုံ ထိစပ်လျက်ရှိပါသည်။

မြင်းခြံမြို့နယ်၏မြေမျက်နှာပြင်မှာ ကုန်းမြေမြင့်နည်းပါးပြီး အများအားဖြင့် မြေပြန့်လွင်ပြင်ဖြစ်ပါသည်။ အရှေ့ဘက်အပိုင်းသည် အနောက်ဘက်အပိုင်းထက် အနည်းငယ်မြင့်ပါသည်။ မြစ်ချောင်းများနည်းပါးသည့် ဒေသတစ်ခုဖြစ်ပြီး မြို့နယ်၏ အနောက်ဘက်တွင်စီးဆင်းလျက်ရှိသည့် ဧရာဝတီမြစ် သည် မြောက်မှတောင်သို့ စီးဆင်းပါသည်။ မြို့နယ်အတွင်းစီးဆင်းလျက်ရှိ သည့် ချောင်းများမှာ အရှေ့မှအနောက်သို့ စီးဆင်းပါသည်။

ဒေသသမိုင်းအကျဉ်း

သက္ကရာဇ် ၁၁၀၅ ခုနှစ်တွင် မြင်းခြံမြို့ကို ရေလေးရွာ ဟု ခေါ်တွင်ခဲ့ပါသည်။ အင်း၀ဆင်ဖြူရှင်မင်းလက်ထက်တွင် တရုတ်နှင့်စစ်ဖြစ်ခဲ့ရာမှ မြင်း အချို့ကျန်နေခဲ့သဖြင့် မြင်းကျန် ဟုခေါ်တွင်စေခဲ့ပါသည်။ ကာလကြာမြင့် သောအခါမြင်းကျန်မှ မြင်းခြံ ဟုပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။ မြင်းခြံမြို့နယ် သည် (၁၉၀၇)ခုနှစ်တွင် စတင်တည်ရှိလာပြီး ပြည်ထဲရေးနှင့်သာသနာရေး ဝန်ကြီးဌာန၏ (၂၈-၂-၁၉၇၃)ရက်စွဲပါစာအမှတ်၊ ၃/၇၃/အထ(၂)ဖြင့် ရပ်ကွက် ၁၉ခု၊ ကျေးရွာအုပ်စု(၆၆)အုပ်စု၊ ကျေးရွာပေါင်း(၁၈၆)ရွာဖြင့် ဖွဲ့စည်းခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၃.၆.၂၀၁၅)ရက်စွဲပါ ရုံးအမိန့်ကြော်ငြာစာ (၇၉၈/၂၀၁၅)ဖြင့် ရပ်ကွက် ၂၀ ခု၊ ကျေးရွာအုပ်စု ၆၅ အုပ်စု၊ ကျေးရွာပေါင်း ၁၈၄ ရွာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၎င်းနောက် ပြည်ထဲရေးဝန်ကြီး ဌာန၏ (၁၂.၈.၂၀၁၈)ရက်စွဲပါအမိန့်ကြော်ငြာစာ၊ ပထရ/ဖ(၂၃၁)/ရေး၁ ဖြင့် ဆီမီးခုံကျေးရွာအုပ်စုအား ဆီမီးခုံမြို့အဖြစ်တိုးချဲ့ဖွဲ့စည်းခဲ့ရာ မြင်းခြံမြို့နယ် တွင် ရပ်ကွက် ၂၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၄ အုပ်စု၊ ကျေးရွာပေါင်း ၁၈၃ ရွာ ရှိပါသည်။

Attractions in မြင်းခြံ