"မြိတ်"

မြိတ်မြို့နယ်သည်‌ အရှေ့ဘက်တွင် တနင်္သာရီတောင်တန်း၊ တောင်ဘက်တွင် တနင်္သာရီမြို့နယ်၊ အနောက်ဘက်တွင် ကျွန်းစုမြို့နယ်နှင့် မြောက်ဘက်တွင် ပလောမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိပါသည်။ မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်း၍ ရေအရင်းအမြစ်အများစုမှာ ရေငံများဖြစ်သည်။ ရေသမုတ်မြစ်၊ ကျောက်ဖျာမြစ်နှင့် တနင်္သာရီမြစ်တို့မှာ သင်္ဘော၊ စက်လှေသွားလာနိုင်သော မြစ်များဖြစ်ကြသည်။ မြိတ်မြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှ (၈၄) ပေ အထက်တွင်ရှိပြီး ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်၍ ပူအိုက်စွတ်စိုသော ရာသီဥတုဖြစ်ကာ အမြင့်ဆုံးအပူချိန်မှာ (၃၈) ဒီဂရီစင်တီဂရိတ်ရှိပါသည်။ မြို့နယ်အတွင်း သစ်တောကြိုးဝိုင်း(၄)ခု၊ ကြိုးပြင်ကာကွယ်တော(၁)ခုနှင့် သဘာဝကာကွယ်တော(၁)ခုတို့ ထိမ်းသိမ်းထားပါသည်။ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းများ ဆုံရာတွင်တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေကောင်းမွန်သော‌ မြို့နယ်ဖြစ်ပါသည်။ အဓိကထွက်ကုန်မှာ ရေထွက်ကုန်များ၊ ရာဘာ၊ သီဟိုစေ့၊ ကွမ်းသီး၊ ငှက်သိုက်တို့ဖြစ်ကြသည်။ မြိတ်မြို့နယ်ကို ရပ်ကွက်(၁၂)ခု၊ ကျေးရွာအုပ်စု (၂၂) စုနှင့် ကျေးရွာပေါင်း (၁၄၃) ရွာဖြင့် ဖွဲစည်းထားပြီး ဧရိယာစတုရန်းမိုင် (၅၄၇.၄၅) မိုင် ရှိကာ လူဦးရေ (၂၈၀၀၀၀) ကျော် နေထိုင်ပါသည်။

Attractions in မြိတ်