"မုဒုံ"

မုဒုံမြို့နယ်ကို မြို့ ၂ မြို့၊ ရပ်ကွက် ၉ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၃ အုပ်စု၊ ကျေးရွာပေါင်း ၅၀ ရွာဖြင့် ဖွဲ့စည်းထားပါသည်။ စုစုပေါင်းလူဦးရေမှာ ၁၈၈၀၀၀ ကျော် နေထိုင်လျက်ရှိပါသည်။ မြို့နယ်၏ ဧရိယာမှာ ၃၁၄.၆၉ စတုရန်းမိုင်ကျယ်ဝန်းသည်။ မုဒုံမြို့နယ်၏ အရှေ့ဘက်တွင် ကျိုက်မရောမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနောက်ဘက်တွင် ချောင်းဆုံမြို့နယ်၊ တောင်ဘက်တွင် သံဖြူဇရပ်မြို့နယ်နှင့် မြောက်ဘက်တွင် မော်လမြိုင်မြို့နယ်တို့ တည်ရှိသည်။ မြို့နယ်အတွင်းရှိ ချောင်းများမှာ ဝဲကလိချောင်း၊ ကမာပတဲချောင်း၊ အဇင်းချောင်း၊ ကျုံဖိုက်ချောင်း၊ ဝင်းဖနုံချောင်းတို့ဖြစ်ပြီး အရှေ့မှ အနောက်သို့ စီးဆင်းလျက်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၃၁ ပေ အထက်တွင်ရှိသည်။ မုဒုံမြို့နယ်တွင် ကျိုက္ကမော့ကြီးတောင် (၁၈၇၅ ပေ) သည် အမြင့်ဆုံးတောင်ဖြစ်သည်။ ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၇◦C ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ရာဘာနှင့် စပါးမှာ အဓိကထွက်ကုန်ဖြစ်သည်။ မုဒုံမြို့နယ်မှ ဇိနသုခရန်အောင်ချမ်းသာလျောင်းတော်မူရုပ်ပွားတော် မြတ်ကြီးမှာ ထင်ရှားသည်။

Attractions in မုဒုံ