"မုံရွာ"

မုံရွာမြို့နယ်၏အရှေ့ဘက်တွင် အရာတော်မြို့နယ်၊ အရှေ့တောင်ဘက်တွင် မြင်းမူမြို့နယ်၊ တောင်ဘက်တွင် ချောင်းဦးမြို့နယ်၊ အနောက်ဘက်တွင် ချင်းတွင်းမြစ်နှင့် ယင်းမာပင်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ မြောက်ဘက်တွင် ဘုတလင်မြို့နယ်တို့နှင့် နယ်နမိတ်ထိစပ်လျှက်ရှိသည်။ မုံရွာမြို့နယ်၏ မြေပြင်အခြေအနေကို ရေဝင်ပိုင်း၊ မြေပြန့်လွင်ပြင်ပိုင်း ၊တောင်ကုန်းပိုင်းဟု သုံးပိုင်း ခွဲခြားနိုင်ပါသည်။ ထင်ရှားသည့်မြစ်ချောင်းများမှာ ချင်းတွင်းမြစ်၊ စတဲချောင်း၊ ကံပြားချောင်း၊ လှဲပြစ်ချောင်း၊ ဘူးခါးချောင်း၊ ကန်နီချောင်းတို့ ဖြစ်ကြသည်။ မြစ်ချောင်းအများစုမှာ ရေချိုဖြစ်၍ စိုက်ပျိုးရေး သောက်သုံးရေအဖြစ် အသုံးပြုနိုင်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် (၂၅၀) တွင် တည်ရှိပြီး အမြင့်ဆုံးတောင်မှာ ကျောက္ကာတောင် (၁၂၆၂ပေ) ဖြစ်သည်။ အမြင့်ဆုံး အပူချိန်မှာ (၄၅) ဒီဂရီစင်တီဂရိတ်ထိရှိသည်။ ရပ်ကွက်(၃၁)ခု၊ ကျေးရွာအုပ်စု (၅၄) စုနှင့် ကျေးရွာပေါင်း (၁၇၁) ရွာဖြင့် ဖွဲစည်းထားပါသည်။ လူဦးရေ (၃၄၀၀၀၀ကျော်) နေထိုင်ကာ မြို့နယ်၏ အဓိကထွက်ကုန်မှာ ပဲအမျိုးမျိုးဖြစ်သည်။ ကုန်းလမ်းရေလမ်းဆုံရာဒေသဖြစ်၍ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မြို့နယ်တစ်ခုလည်းဖြစ်ပါသည်။

Attractions in မုံရွာ