"မိတ္ထီလာ"

မိတ္ထီလာမြို့နယ် ၄၇၅. ၃၄ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့မှ အနောက်သို့  ၃၀ မိုင်ရှိပြီး တောင်မှ မြောက်သို့ ၂၂  မိုင်ရှည်လျားပြီး ၄၇၅. ၃၄ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့မှ အနောက်သို့  ၃၀  မိုင်ရှိပြီး တောင်မှ မြောက်သို့  ၂၂  မိုင်ရှည်လျှားပါသည်။ မိတ္ထီလာမြို့သည် အရှေ့ဘက်တွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပြီး တောင်ဘက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါ သည်။ အနောက်ဘက်တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်း တောင်းမြို့နယ်နှင့်ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် မန္တလေးတိုင်း ဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက် ရှိပါသည်။ မြစ်ချောင်းများနည်းပါးသည့် ဒေသတစ်ခု ဖြစ်ပြီး မြစ်ချောင်းများသည် အနောက်မှအရှေ့သို့စီးဆင်းလျက်ရှိပါ သည်။ ထင်ရှားသောချောင်းမှာ မုန်တိုင်နှင့် ချောင်းကောက်တို့ ဖြစ်ပါ သည်။ မြို့နယ်အတွင်းရှိ အမြင့်ဆုံးတောင်မှာ တောင်မြဲတောင်ဖြစ်၍ ပင်လယ်ရေမျက်နှာပြင်အထက် ၁၅၉၆ ပေ ဖြစ်၍ မြို့နယ်၏အနိမ့်ဆုံး အရပ်ဒေသမှာ ရန်မျိုးအောင်ရပ်ကွက် ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

ရှေးယခင်ကသျှိသျှားကန်ကိုအစွဲပြု၍ သျှိသျှားမြို့ဟုခေါ်တွင် ခဲ့ကြသည်။ ကောဇာသက္ကရာဇ် ၄၁၄ ခုနှစ်တွင် သျှိသျှားကန်ကိုပြုပြင် ဆည်ဖို့ခဲ့ရာ ၄၁၆ ခုနှစ်တွင်ပြီးစီးခဲ့ပြီး ကန်တော်ဆည်ဖို့နေစဉ်ကာလ အတွင်း အနော်ရထာမင်းစောသည် အမတ်ကြီးနရသီဟပတေ့မင်း အား ယာယီနန်းမြို့တည်စေခဲ့သည်။ ထိုစဉ်သျှိသျှားကန်သည် ပုပ္ပါး တောင်နှင့် ဆက်စပ်ခြင်းရှိ/မရှိ မြင်းသည်တော်တစ်ဦးအား သွားရောက်ကြည့်ရှုစစ်ဆေးစေခဲ့ရာ မထိလာပါဟုလျှောက်ထား ဖြေကြားခဲ့ခြင်းကို အစွဲပြု၍ကန်တော်ကို မထိလာကန်ဟုလည်း ကောင်း၊ မြို့အမည်ကို မထိလာမြို့ဟုလည်းကောင်း ခေါ်တွင်စေခဲ့ရာမှ ကာလရွေ့လျားလာသည့်အလျှောက် မိတ္ထီလာကန်၊ မိတ္ထီလာမြို့ဟု အမည်တွင်ခဲ့ပါသည်။ မိတ္ထီလာမြို့ကို ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၁- ၂- ၁၉၇၃) ရက်စွဲပါအမိန့်ကြော်ငြာစာ အမှတ်(၄၈၂)၊ စာအမှတ်၊ ၃ / ၅၈ / အဆ (၂)အရ မြို့အဖြစ် သတ်မှတ်ခဲ့ပါသည်။

Attractions in မိတ္ထီလာ