"မဟာအောင်မြေ"

မဟာအောင်မြေမြို့နယ်သည် ပြည်ထဲရေးဝန်ကြီးဌာန၏ (၁၀.၁၂.၁၉၉၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (-) ဖြင့် မန္တလေးမြို့ကို ယခင် (၄) မြို့နယ်မှ (၅) မြို့နယ်သို့ ပြင်ဆင်ဖွဲ့စည်းခဲ့ရာမှ အရှေ့တောင်မြို့နယ်ကို မဟာအောင်မြေမြို့နယ်ဟု အမည်ပြောင်းလဲခဲ့ခြင်း ဖြစ်ပါသည်။ မြို့နယ်၏အရှေ့ဘက်တွင် ပုသိမ်ကြီးမြို့နယ် (မန္တလေးပြင်ဦးလွင်သွား ကားလမ်း)၊ တောင်ဘက်တွင် ချမ်းမြသာစည်မြို့နယ်၊ (သိပ္ပံလမ်း)၊ အနောက်ဘက်တွင် ဧရာဝတီမြစ်၊ မြောက်ဘက်တွင် ချမ်းအေးသာစံမြို့နယ် (၃၅လမ်း) တို့နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိပါသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှ (၂၅၀) ပေအထက်တွင်ရှိကာ ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိ၍ အမြင့်ဆုံးအပူချိန်မှာ (၄၅.၅) ဒီဂရီ စင်တီဂရိတ်ရှိသည်။ မဟာအောင်မြေမြို့နယ်အတွင်း မဟာနဒီချောင်း၊ ရေနီမြောင်း၊ ရွှေတချောင်း၊ ငွေတချောင်း၊ သင်္ဂဇာချောင်းတို့မှာ မြောက်မှတောင်သို့ စီးဆင်းကြပြီး ကိုလံဘိုချောင်းမှာ အရှေ့မှအနောက်သို့ စီးဆင်းလျှက်ရှိသည်။ ရပ်ကွက်(၁၈)ခုဖြင့် ဖွဲစည်းထားပြီး လူဦးရေ (၂၀၀၀၀၀) နီးပါး နေထိုင်လျှက်ရှိပါသည်။ မြို့နယ်၏ အဓိကလုပ်ငန်းမှာ ဖိနပ်လုပ်ငန်း၊ ရွှေဆိုင်းလုပ်ငန်းတို့ ဖြစ်ကြသည်။

Attractions in မဟာအောင်မြေ