"မော်လမြိုင်"

မော်လမြိုင်မြို့နယ်ကို ရပ်ကွက် (၂၉) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၃) အုပ်စု၊ ရပ်ကွက်/ကျေးရွာပေါင်း (၄၂) ခုဖြင့် ဖွဲ့စည်းထားပါသည်။ လူဦးရေ (၂၉၆၀၀၅) ခန့် နေထိုင်လျက်ရှိသည်။ မော်လမြိုင်မြို့နယ်သည် (၈၈.၈၂) စတုရန်းမိုင်ကျယ်ဝန်းပြီး၊ အရှေ့မှအနောက်သို့ (၇) မိုင်၊ တောင်မှ မြောက်သို့ (၁၇) မိုင် ရှည်လျားသည်။ မြို့နယ်၏ အရှေ့ဘက်တွင် ကျိုက်မရောမြို့နယ်၊ အနောက်ဘက်တွင် ချောင်းဆုံမြို့နယ်၊ တောင်ဘက်တွင် မုဒုံံမြို့နယ်၊ မြောက်ဘက်တွင် ဘားအံမြို့နယ်တို့နှင့် ထိစပ်လျှက်ရှိသည်။ နာဂဝီသတောင်တန်းသည် မြို့၏ အရှေ့ဘက်တွင်ရှိပြီး မြောက်မှတောင်သို့ သွယ်တန်းလျက်ရှိသည်။ ခေါင်းဆေးကျွန်း၊ ထားဝယ်ကျွန်းတို့မှာ ထင်ရှားသည်။ မြစ်ချောင်းများ ပေါများပြီး အတ္တရံမြစ်၊ ဂျိုင်းမြစ်နှင့် သံလွင်မြစ်တို့မှာ ထင်ရှားသည်။ ရေအရင်းအမြစ်အများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေ စသည်ဖြင့် အသုံးပြုနိုင်သည်။ ပင်လယ်ရေ မျက်နှာပြင် အထက် (၁၈) ပေရှိသော မြို့နယ်ဖြစ်သည်။ ပူနွေးစိုစွတ်သော ရာသီဥတု ဖြစ်သည်။ အမြင့်ဆုံးအပူချိန်မှာ ၃၉.၆˚C ဖြစ်သည်။ မော်လမြိုင်မြို့နယ်သည် စီးပွားရေး အချက်အချာကျပြီး ကုန်းလမ်း၊ ရေလမ်းများဆုံရာ လမ်းမပေါ်တွင် တည်ရှိ၍ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ပါသည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေး လုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။

Attractions in မော်လမြိုင်