"လယ်ဝေး"

လယ်ဝေးမြို့နယ်ကို ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၃.၉.၂၀၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ရပ်ကွက် ၇ ခု၊ ကျေးရွာအုပ်စု ၆၀ စု၊ ကျေးရွာပေါင်း ၂၆၁ ရွာဖြင့် ဖွဲ့စည်းထားရှိပါသည်။ အရှေ့မှအနောက်သို့ ၄၇.၀၂ မိုင်၊ တောင်မှမြောက်သို့ ၁၈.၆၄ မိုင် ရှည်လျားပြီး ၈၇၂.၂၄၈ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ လူဦးရေပေါင်း ၂၉၆၀၀၀ ကျော် နေထိုင်ပါသည်။ အရှေ့ဘက်တွင် ပျဉ်းမနားမြို့နယ်၊ တောင်ဘက်တွင် ရေတာရှည်မြို့နယ်၊ အနောက်ဘက်တွင် တောင်တွင်းကြီးမြို့နယ်၊ မြောက်ဘက်တွင် ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိသည်။ အနောက်ဘက်တွင် ပဲခူးရိုးမတောင်တန်း၊ အရှေ့ဘက်တွင် ရှမ်းရိုးမ တောင်တန်းများရှိသည်။ မြစ်ချောင်းများ နည်းပါးပြီး မြစ်များသည် မြောက်မှတောင်သို့ စီးဆင်း၍ ချောင်းများသည် အနောက်မှ အရှေ့သို့ စီးဆင်းလျှက် ပေါင်းလောင်းမြစ်အတွင်း စီးဝင်ပါသည်။ ပေါင်းလောင်းမြစ်သည် ပင်လောင်းမြို့နှင့် ရမည်းသင်းမြို့အရှေ့ဘက် ဒါးသွေးချောင်းအနီးမှ စတင်မြစ်ဖျားခံ၍ စစ်တောင်းမြစ်အမည်ဖြင့် ပင်လယ်အတွင်းသို့ စီးဝင်ပါသည်။ ပလွေးချောင်းသည် မြို့နယ်အတွင်း စီးဆင်းသည့် ချောင်းရှည်တစ်ခုဖြစ်ပြီး ပေါင်းလောင်းမြစ်အတွင်းသို့ ရုံးပင် ကျေးရွာအနီးတွင် စီးဝင်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၂၀၀ အထက်တွင် တည်ရှိပါသည်။ အပူပိုင်း မုတ်သုံရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၀˚C ဖြစ်သည်။ အဓိက လမ်းမကြီးများဆုံရာ လမ်းကြောင်းပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ စိုက်ပျိုးရေး ထွက်ကုန်ဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို အဓိကရောင်းဝယ်ကြပြီး စီးပွားရေး အချက်အချာ ကျသော မြို့နယ်တစ်ခုဖြစ်သည်။

Attractions in လယ်ဝေး