"ကျိုင်းတုံ"

ကျိုင်းတုံမြို့နယ်သည် အရှေ့မှအနောက်သို့ ၆၂ မိုင်၊ တောင်မှမြောက်သို့ ၆၃ မိုင်ရှည်လျားပြီး ၁၄၆၀ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် မိုင်းယောင်းမြို့နယ်၊ တောင်ဘက်တွင် မိုင်းဖြတ်မြို့နယ်၊ အနောက်ဘက်တွင် တုံတာမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်၊ မြောက်ဘက်တွင် မိုင်းခတ်မြို့နယ်၊ မိုင်းလားမြို့နယ်တို့နှင့် ဆက်စပ်လျှက်ရှိသည်။ မြို့နယ်၏ တောင်ဘက်ခြမ်းသည် မြင့်မားပြီး မြောက်ဘက်ခြမ်းသည် တဖြည်းဖြည်း နိမ့်ဆင်းသွားပါသည်။ ကျိုင်းတုံဒေသ တစ်ခုလုံးကို မြင့်မားသော တောင်တန်းကြီးများက ‘ပ’ အက္ခရာသဏ္ဍာန်ရစ်ပတ် ဝန်းရံလျှက်ရှိသည်။ ကျိုင်းတုံဒေသသည် မြေဩဇာကောင်းမွန်သော စိုက်ခင်းများအဖြစ် ထင်ရှားပါသည်။ မြစ်ချောင်းများ နည်းပါးပြီး ချောင်းများသည် တောင်မှ မြောက်သို့ စီးဆင်းသည်။ နမ့်ခင်ချောင်းမှာ ထင်ရှားပြီး ကျိုင်းဖေါင်းရွာအနီးမှဖြတ်၍ တောင်မှမြောက်သို့ စီးဆင်းပါသည်။ နမ့်ခင်ချောင်းသည် နွေရာသီတွင် ရေအနက် ၁ ပေခန့်သာ ရှိပါသည်။ ကျိုင်းတုံမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှအမြင့် ၂၇၁၀ ပေအထက်တွင် တည်ရှိသည်။ အမြင့်ဆုံးတောင်မှာ ကတ်ထိုက်အုပ်စုအတွင်းရှိ လွယ်ဖီးတောင် (ပေ ၇၅၀၀ ကျော်) ဖြစ်သည်။ ကုန်းမြင့်အပူလျော့ပိုင်း ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၀.၅˚C ဖြစ်သည်။ ကျိုင်းတုံမြို့နယ်တွင် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၃၁ စု၊ ကျေးရွာပေါင်း ၇၁၈ ရွာပါဝင်ပြီး လူဦးရေပေါင်း ၁၆၀၀၀၀ ကျော် နေထိုင်ပါသည်။ ကျိုင်းတုံမြို့နယ်သည် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြပြီး မွေးမြူရေးလုပ်ငန်းကိုလည်း စီးပွားဖြစ်လုပ်ကိုင်ကြသည်။ ကျိုင်းတုံမြို့နယ်သည် ကုန်းလမ်း၊ လေကြောင်းလမ်းများဆုံရာတွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့နယ်ဖြစ်သည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်သည်။ ကျိုင်းတုံမြို့မှ နောင်တုံကန်မှာ ထင်ရှားသည်။

Attractions in ကျိုင်းတုံ