"ကျိုက်ထို"

ကျိုက်ထိုမြို့နယ်ကို ရပ်ကွက် ၁၀၊ ကျေးရွာအုပ်စု ၃၃၊ ကျေးရွာပေါင်း ၇၆ ရွာဖြင့်ဖွဲ့စည်းထားပြီး မြို့နယ်အတွင်း စုစုပေါင်း လူဦးရေမှာ ၁၆၄၀၀၀ ကျော် နေထိုင်လျက်ရှိသည်။ မြို့နယ်၏ အကျယ်အဝန်းမှာ ၃၆၅.၇ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ ကျိုက်ထိုမြို့နယ်၏ အရှေ့ဘက်နှင့် တောင်ဘက်တွင် ဘီးလင်းမြို့နယ်၊ အနောက်ဘက်တွင် စစ်တောင်းမြစ်၊ မြောက်ဘက်တွင် ပဲခူးတိုင်းတို့နှင့် ထိစပ်လျက်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၃၅ ပေ ရှိသည်။ မြစ်ချောင်းများ နည်းပါးပြီး စစ်တောင်းမြစ်မှာ မြောက်မှတောင်သို့ စီးဆင်းလျက်ရှိသည်။ အမြင့်ဆုံးတောင်မှာ ကျိုက်ထီးရိုးတောင် (၃၆၁၈ ပေ) ဖြစ်သည်။ ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၄˚C ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပါသည်။ မီးရထားလမ်း၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ ကျိုက်ထိုမြို့နယ်မှ ကျိုက်ထီးရိုးဘုရားနှင့် ကျိုက်ပေါလောရုပ်ပွားတော်မှာ အထူးထင်ရှားသည်။

Attractions in ကျိုက်ထို