"ကသာ"

ကသာမြို့နယ်သည် ရပ်ကွက် ၁၀ ခု၊ ကျေးရွာအုပ်စု ၃၂ စု၊ ကျေးရွာပေါင်း ၁၄၃ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၇၂၀၂၇ ကျော် နေထိုင်ပါသည်။ မြို့နယ်၏အကျယ်အဝန်း ၈၆၅.၆၈ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ ကသာမြို့နယ်တွင် ထင်ရှားသည့် မြစ်ချောင်းများမှာ ဧရာဝတီမြစ်နှင့် ရွှေလီမြစ်တို့ဖြစ်ပြီး အမြင့်ဆုံးတောင်မှာ ဘိုးမင်းတောင်(ရာဇာဂြိုလ်တောင်) အမြင့်ပေ ၂၈၃၂ ပေ ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

အနော်ရထားမင်းကြီးသည် မော်မင်းတို့၏နိုင်ငံဖြစ်သော ကမ္ဘောဇတိုင်းနှင့် မြန်မာပြည်ကမ္မဒီတိုင်းနှစ်ဖက်ခြမ်း၌ ရှမ်းယွမ်းတို့ မရောစိမ့်သောငှါ ကင်းတပ် မြို့ (၄၃)မြို့ကို တည်ထားခဲ့ပါသည်။ ယင်းခဲ၊ မိုးတား၊ ကသာတို့မှာ ကင်းတပ်မြို့ (၄၃)မြို့တွင် ပါဝင်ခဲ့ပါသည်။ ရှမ်းလူမျိုးတို့ ဤနေရာ၌ ထိုစဉ်က ဈေးမြို့အဖြစ် ဖောက်ကားရောင်းဝယ်ခဲ့သောကြောင့် မိန်း(င)ကာပ်ဆာရာဟု ခေါ်တွင်ခဲ့ပြီး သာယာသောဈေးမြို့ဟု အဓိပ္ပာယ်ရပါသည်။ အနော်ရထာမင်းကြီးသည် သက် လူမျိုးတို့ကြီးစိုးလျက်ရှိသော တကောင်းမြို့ကို သိမ်းသွင်းပြီးနောက် ယူနန်ရှမ်း တို့ရှိရာ နန်းချောင်းကိုချီတက်ရာ၌ ကသာမြို့နယ်၊ ရွှေလီမြစ်ကြောင်းကို စစ်လမ်း အဖြစ် အသုံးပြုခဲ့ကြောင်းသိရှိရပါသည်။

Attractions in ကသာ