"ချမ်းအေးသာစံ"

ချမ်းအေးသာစံမြို့နယ်သည် ပြည်ထဲရေးဝန်ကြီးဌာန၏ (၁၀.၁၂.၁၉၉၂)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(-)ဖြင့် မန္တလေးမြို့ကို ယခင်(၄)မြို့နယ်မှ (၅)မြို့နယ်သို့ပြင်ဆင်ဖွဲ့စည်းခဲ့ရာ အရှေ့မြောက်မြို့နယ်ကို ချမ်းအေးသာစံမြို့နယ်ဟု အမည် ပြောင်းလဲခဲ့ပြီး ရပ်ကွက်(၂၀)ဖြင့် ဖွဲ့စည်းသတ်မှတ်ခဲ့သည်။ အရှေ့ဘက်တွင် ပြင်ဦးလွင်သွားကားလမ်း၊ ပုသိမ်ကြီး၊ မဟာအောင်မြေ၊ (၃၅)လမ်း၊ အနောက်ဘက်တွင် ဧရာဝတီမြစ်နှင့် မြောက်ဘက်တွင် အောင်မြေသာစံ၊ (၂၆)ဘီလမ်းတို့နှင့် နယ်နိမိတ်ထိစပ်လျှက်ရှိသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် (၂၅၀ပေ)တွင်ရှိ၍ အပူပိုင်း ရာသီဥတုရှိသည်။ အမြင့်ဆုံး အပူချိန်မှာ (၄၄.၂) ဒီဂရီ စင်တီဂရိတ် ဖြစ်သည်။ မြို့နေလူဦးရေမှာ (၁၅၀၀၀၀) နီးပါး ရှိပါသည်။

Attractions in ချမ်းအေးသာစံ