"ကော့သောင်း"

ကော့သောင်းမြို့နယ်သည် မြန်မာနိုင်ငံ၏ တောင်ဘက်အစွန်ဆုံး မြို့နယ်တစ်ခုဖြစ်သည်။ ကျွန်းပေါင်း (၉၃) ကျွန်းရှိကာ လူနေကျွန်း(၂၀)နှင့် လူမနေထိုင်သောကျွန်း (၇၃) ကျွန်းရှိပါသည်။ တောင်ကုန်းတောင်တန်းနှင့် မြစ်ချောင်းများပေါများ၍ အနောက်ဘက်ကမ်းခြေတဝိုက်နှင့် အရှေ့ဘက် ပါချန်မြစ်အလယ် ကမ်းခြေတဝိုက်တွင်သာ ညီညာပြန့်ပြူးသော မြေပြင်ရှိသည်။ မြစ်ချောင်းများမှာ မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိပြီး ပါချန်မြစ်မှာ ထင်ရှားသည်။ ပါချန်မြစ်၏ နွေရာသီ ရေအနက်မှာ ပေ (၁၀၀) အထက်တွင်ရှိပြီး ရာသီမရွေး သ‌င်္ဘော၊ စက်လှေများ သွားလာနိုင်သည်။ ၎င်းမြစ်သည် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းပိုင်းခြားသတ်မှတ်ပေးသော မြစ်တစ်ခုဖြစ်ပြီး မြို့၏အရှေ့ဘက်တွင်ရှိသည်။ တောင်ဘက်တွင် ပါချန်မြစ်ဝနှင့် ကပ္ပလီပင်လယ်၊ နောက်ဘက်တွင် ကပ္ပလီပင်လယ်၊ မြောက်ဘက်တွင် ဘုတ်ပြင်းမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျှက် ရှိပါသည်။ ကော့သောင်းမြို့နယ်ကို ခမောက်ကြီးမြို့အပါ ရပ်ကွက် (၁၃) ခု၊ ကျေးရွာအုပ်စု (၁၈) စုနှင့် ကျေးရွာပေါင်း (၉၁) ရွာဖြင့် ဖွဲ့စည်းထားပါသည်။ လူဦးရေ (၁၂၀၀၀၀) ကျော်နေထိုင်ကြပါသည်။ သင့်တင့်မျှတပြီး ပူအိုက်စိုစွတ်သော ရာသီဥတုရှိကာ အမြင့်ဆုံးအပူချိန်မှာ (၄၀.၅) ဒီဂရီ စင်တီဂရိတ်ရှိပါသည်။ ကော့သောင်းမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့် (၁၅၄) ပေအထက်တွင်ရှိပြီး အမြင့်ဆုံးတောင်မှာ (၁၁၉၉) ပေ ရှိပါသည်။ ကော့သောင်းမြို့နယ်၏ ဧရိယာစတုရန်းမိုင်မှာ (၁၀၄၁.၃၉) မိုင်ဖြစ်ပါသည်။

Attractions in ကော့သောင်း