"ဒဂုံ"

ဒဂုံမြို့နယ်သည် ‘ရန်ကုန်အစဒဂုံက’ဟု သမိုင်းအထင်အရှား ရှိခဲ့ပါသည်။ ဒဂုံမြို့ကို ၁၉၇၂ ခုနှစ်တွင် မြို့နယ်အဆင့် သတ်မှတ်ခဲ့ပါသည်။ ဒဂုံမြို့နယ်တွင် ရပ်ကွက် ၅ ခုပါဝင်ပြီး လူဦးရေပေါင်း ၂၅၀၀၀ ကျော် နေထိုင်ပါသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှ ၅၆ ပေခန့်တွင် တည်ရှိပါသည်။ ဒဂုံမြို့နယ်သည် အရှေ့မှအနောက်သို့ ၀.၉၆ မိုင်၊ တောင်မှမြောက်သို့ ၀.၉၉ မိုင် ရှည်လျားပြီး ၁.၉၅၉ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်ဘက်တွင် ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်၊ အနောက်ဘက်တွင် အလုံမြို့နယ်နှင့် မြောက်ဘက်တွင် ဗဟန်းနှင့် စမ်းချောင်းမြို့နယ်တို့ တည်ရှိပါသည်။ ဒဂုံမြို့နယ်သည် ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၀˚C ဖြစ်ပါသည်။ ဒဂုံမြို့နယ်သည် စီးပွားရေးအချက်အချာကျပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရှိသော မြို့နယ်ဖြစ်ပါသည်။ ဒေသခံပြည်သူများသည် စီးပွားရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ ဒဂုံမြို့နယ်မှ အခြား ဒေသများသို့ ကုန်းလမ်း၊ ရေကြောင်းလမ်းများဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန်ပါသည်။ ဒဂုံမြို့နယ်မှ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ မြန်မာတွင်သာမက ကမ္ဘာတစ်ဝှမ်း ထင်ရှားကျော်ကြားပါသည်။

Attractions in ဒဂုံ