"အမရပူရ"

အမရပူရမြို့ (တောင်မြို့) သည် မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်တွင် ပါဝင်ပြီး မန္တလေးမြို့နှင့် ၁၁ ကီလိုမီတာဝေးသော မြို့ဖြစ်သည်။၉၁ စတုရန်းမိုင် ကျယ်ဝန်း၍ ၂၀၁၄-ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၃၇,၆၁၈ ယောက် ရှိသည်။ ကုန်းဘောင်ခေတ်က မင်းနေပြည်တော် နှစ်ကြိမ်ဖြစ်ခဲ့ဖူးသည့် မြို့ဖြစ်သည်။ ယနေ့ခေတ်တွင် မန္တလေးမြို့ မြို့နယ်အတွင်းရှိ တောင်မြို့ ဟုခေါ်သော မြို့နယ်အဖြစ် ပါဝင်လျက်ရှိပါသည်။ အမရပူရမြို့တွင်ထင်ရှားနေရာများမှာ ကျောက်စိမ်းစေတီတော်၊ ဆောင်းဒါး ရက်ကန်းကျောင်း၊ ဦးပိန်တံတား၊ တောင်သမန်အင်း၊ တက်သေးအင်း၊ မဟာဂန္ဓာရုံကျောင်း၊ ဗားကရာဘုန်းကြီးကျောင်း၊ ရတနာ့ဂူ နတ်ပွဲ၊ ပုထိုးတော်ကြီး(အမရပူရ)၊ကျောက်တော်ကြီးဘုရား(အမရပူရ)၊ သပြေတန်းခံတပ်၊ ရွှေကြက်ယက်စေတီ၊ ရွှေကြက်ကျစေတီ၊ မိုးကုတ်ဆရာတော်ဘုရားကြီးဦးဝိမလ၏ မင်္ဂလာဓာတုဓမ္မစေတီတော်၊ သံသေကပ်ကျော်ဘုရား၊ တောင်သမန်အင်းစောင်းက တောင်လေးလုံးကျောင်းတိုက် တို့ဖြစ်သည်။

Attractions in အမရပူရ