"အင်းစိန်"

၁၈၉၈ ခုနှစ်တွင် အင်းစိန်မြို့နယ်သည် စီရင်စုမြို့နယ်ဖြစ်လာသည်။ အင်းစိန်မြို့နယ်တွင် ရပ်ကွက် ၂၁ ခုပါဝင်ပြီး လူဦးရေပေါင်း ၂၈၀၀၀၀ ကျော် နေထိုင်ပါသည်။ အင်းစိန်မြို့နယ်သည် အရှေ့မှအနောက်သို့ ၂.၃ မိုင်၊ တောင်မှမြောက်သို့ ၃.၆ မိုင်ရှည်လျားပြီး ၁၀.၈၆ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် မင်္ဂလာဒုံမြို့နယ်၊ တောင်ဘက်တွင် မရမ်းကုန်းမြို့နယ်၊ အနောက်ဘက်တွင် လှိုင်သာယာမြို့နယ်၊ မြောက်ဘက်တွင် ရွှေပြည်သာမြို့နယ်တို့ တည်ရှိသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၁၀၀ မှ ၃၀၀ အထိ တည်ရှိပါသည်။ အင်းစိန်မြို့နယ် အရှေ့ဘက်ရှိ ကုန်းမြင့်ဒေသများတွင် ရေတွင်းရေကန်နှင့် အဝီစိတွင်းများ တူးဖော်သော်လည်း ရေမအောင်၍အခက်အခဲများရှိသော်လည်း အနောက်ဘက်ရှိ ကုန်းမြင့်ဒေသများတွင် လွယ်ကူစွာ တူးဖော်ရရှိပါသည်။ အင်းစိန်မြို့နယ်တွင် ချောင်းများသည် အရှေ့မှ အနောက်သို့ စီးဆင်းလျှက်ရှိပြီး လှိုင်မြစ်အတွင်းသို့ စီးဝင်ပါသည်။ လှိုင်မြစ်သည် မြို့အနောက်ဖက်မှ ဖြတ်သန်းစီးဆင်းကာ တောင်မှမြောက်သို့ စီးဆင်းပါသည်။ အင်းစိန်မြို့နယ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၉˚C ဖြစ်သည်။ အင်းစိန်မြို့နယ်သည် စီးပွားရေး အချက်အချာကျပြီး ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းများဆုံရာတွင် တည်ရှိသဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ ဒေသခံပြည်သူများသည် ဝန်ဆောင်မှုလုပ်ငန်းကို အဓိလုပ်ကိုင်ကြပါသည်။ အင်းစိန်မြို့နယ်မှ CID ဝင်း၊ အကျဉ်းဦးစီးဝင်း၊ GTI ဝင်းတို့မှာ ထင်ရှားသော နေရာများဖြစ်သည်။

 

အင်းစိန်မြို့နယ်သမိုင်းအကျယ်ကို ကြည့်ရှုရန် ဤနေရာကိုနှိပ်ပါ

 

Attractions in အင်းစိန်