"အောင်မြေသာစံ"

အောင်မြေသာစံမြို့နယ်သည် ပြည်ထဲရေးဝန်ကြီးဌာန၏ (၁၀.၁၂.၁၉၉၂)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၈၄)ဖြင့် မန္တလေးမြို့ကို ယခင်(၄)မြို့နယ်မှ (၅)မြို့နယ်သို့ပြင်ဆင်ဖွဲ့စည်းခဲ့ရာ အနောက်မြောက်မြို့နယ်ကို အောင်မြေသာဇံမြို့နယ်ဟု အမည်ပြောင်းလဲခဲ့ပြီး ရပ်ကွက်(၁၉)ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၉၆ခုနှစ်တွင် အောင်မြေသာဇံမြို့နယ်မှ အောင်မြေသာစံ မြို့နယ်ဟု ပြောင်းလဲခေါ်တွင်စေခဲ့ပါသည်။ ဧရိယာစတုရန်းမိုင် (၁၁.၀၃)မိုင်ရှိ၍ အရှေ့ဘက်တွင် ပြင်ဦးလွင်သွား ကားလမ်းနှင့် ပုသိမ်ကြီးမြို့နယ်၊ တောင်ဘက်တွင် ချမ်းအေးသာစံမြို့နယ်၊ အနောက်ဘက်တွင် ဧရာဝတီမြစ်၊ စစ်ကိုင်း၊ ပုသိမ်ကြီးမြို့နယ်နှင့် မြောက်ဘက်တွင် ပုသိမ်ကြီးမြို့နယ်တို့နှင့် ထိစပ်လျှက်ရှိသည်။ ပင်လယ်ရေ မျက်နှာပြင် အထက် (၂၅၆)ပေရှိ၍ မြို့၏အရှေ့မြောက်ရှိ မန္တလေးတောင်(၇၇၆ပေ)မှာ ထင်ရှားသည်။ ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ (၄၃.၇)ဒီဂရီ စင်တီဂရိတ်ရှိသည်။ လူဦးရေ(၁၉၀၀၀၀)နီးပါး နေထိုင်လျှက်ရှိပါသည်။

Attractions in အောင်မြေသာစံ