ရန်ကုန်မှာ သူနာပြုအုပ်ဆရာမကြီးကို ပထမဆုံးကိုဗစ်ကာကွယ်ဆေးထိုး

27-Jan-2021

မြန်မာနိုင်ငံရဲ့ ကိုဗစ်ကာကွယ်ဆေးထိုး မှုအစီအစဉ်ကို ဒီကနေ့ဇန်နဝါရီ(၂၇) ရက်မှာ စတင်ပါပြီ။ ရန်ကုန်တိုင်းဒေသကြီးမှာတော့ ရန်ကုန်ဆေးရုံကြီးနဲ့ ဧရာဝတီကုသရေးစင်တာတွေမှာ ထိုးဖို့ စီစဉ်ထားပါတယ်။စစချင်းမှာရန်ကုန်တိုင်းအတွင်း လူဦးရေ (၃၀၀)ကိုထိုးပေးမှာပါ။ကိုဗစ်ကာကွယ်ဆေးစထိုးနှံခံရသူကတော့ အသက်(၅၇) နှစ်အရွယ် ရန်ကုန်ဆေးရုံကြီးက သူနာပြုအုပ်ဆရာမကြီး ဒေါ်သက်သက် သိန်းဖြစ်ပါတယ်။သူဟာရန်ကုန်တိုင်းက ကျန်းမာရေးဝန်ထမ်း ၂၀၀၀၀ကျော်ထဲမှာ ပထမဆုံးကာကွယ်ဆေးထိုးနှံရသူအဖြစ်မှတ်တမ်းတင် သွားပါပြီ။အခုထိုးတဲ့ အိန္ဒိယက ကိုဗီရှီးကာကွယ်ဆေးက နှစ်ကြိမ်ထိုးရမှာပါ။ဒါ့ကြောင့် ဒီနေ့ကနေ နောက်ထပ် ၂၁ ရက်အကြာမှာ ဒုတိယ အကြိမ် ထပ်ထိုးရမှာပါ။တိုင်းဒေသကြီးနဲ့ပြည်နယ် အသီးသီးမှာဒီနေ့စထိုးကိုဗစ်ကာကွယ် ဆေးတွေကအိန္ဒိယနိုင်ငံက လူဒါန်းထားတဲ့ ဆေးအလုံးရေ၁ဒသမ၅ သန်းထဲကပါ။အဲဒီထဲကနေနိုင်ငံ့အကြီးအကဲတွေ၊အသက်၆၅ နှစ်နဲ့အထက် သက်ကြီးရွယ်အ်ိုတွေက်ိုဆက်ထိုးပေးဖို့ရှိပါတယ်။အိန္ဒိယကဝယ် ထားတဲ့ လူဦးရေ၁၅ သန်းစာကိုဗစ်ကာကွယ်ဆေးတွေလည်း လာမယ့်လထဲမှာထပ်ရောက်ဖို့ရှိနေပါတယ်။

ဘီဘီစီမြန်မာပိုင်း