တရုတ်နိုင်ငံက ကမ္ဘာ့ပထမဆုံး 6G နည်းပညာ စမ်းသပ်မည့် ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းကြောင်းသို့ လွှတ်တင်

08-Nov-2020

ပေကျင်း   နိုဝင်ဘာ   ၇

တရုတ်နိုင်ငံသည်  ကမ္ဘာ့ပထမဆုံး  6G  နည်းပညာရပ်ကို  စမ်းသပ်ရန်အတွက်  ဂြိုဟ်တုတစ်စင်းကို ကမ္ဘာပတ်လမ်းသို့ ယနေ့ လွှတ်တင်ခဲ့သည်။

တရုတ်နိုင်ငံသည် 5G  နည်းပညာကိုလည်း ပထမဆုံးရရှိခဲ့သည့် နိုင်ငံဖြစ်ပြီး ယခု ၂၀၂၀ပြည့်နှစ် မကုန်မီပင် 6G နည်းပညာကို ထပ်မံစမ်းသပ်လာခြင်းဖြစ်သည်။  အဆိုပါဂြိုဟ်တုကို   ရှန်ဇီပြည်နယ်ရှိ  တိုင်ယန်းဂြိုဟ်တု လွှတ်တင်ရေးစခန်းမှ  လွှတ်တင်ခဲ့ပြီး  ယခုဂြိုဟ်တုမှာ  အဆိုပါစခန်းမှ လွှတ်တင်ခဲ့သည့် ၁၃ ခုမြောက် ဂြိုဟ်တု အဖြစ်လည်း မှတ်တမ်းဝင်မည်ဖြစ်သည်။

ယခု ဂြိုဟ်တု လွှတ်တင်မှုသည်  6G ဆက်သွယ်ရေး စမ်းသပ်မှုအတွက် အရေးကြီးဆုံး ခြေလှမ်းဖြစ်လာမည့်အပြင်   တောမီးလောင်မှု တားဆီးရေးနှင့် သီးနှံဆိုင်ရာ သဘာဝဘေး တားဆီးရေးနည်းပညာများကိုလည်း အဆိုပါ ဂြိုဟ်တုက သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။ 

ကိုးကား - ဘလွန်းဘာ့ဂျ်၊

ဘာသာပြန် - မေလဲ့သင်း