ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော် တောင်ဘက်စောင်းတန်းရှိ ထုပ်တန်းပြိုကျမှုဖြစ်ပွား

30-Sep-2020

ညောင်ဦး စက်တင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ ရွှေစည်းခုံ စေတီတော်ကြီး၏ တောင်ဘက်စောင်းတန်း (ခေါ်) မေတ္တာစောင်းတန်းကြီး၏ ကွန်ကရစ်ထုပ်တန်းကျိုးကျမှု ယနေ့ နံနက် ၆ နာရီခွဲက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ရွှေစည်းခုံစေတီတော်ကြီး၏ တောင်ဘက်စောင်းတန်း (ခေါ်) မေတ္တာစောင်းတန်း မြောက်ဘက်အစွန်ဆုံးရှိ အုတ်တိုင်နှစ်တိုင်ကို ဆက်သွယ် ထားသည့် အရှည်ပေ ၂၀ ရှိ ကွန်ကရစ်ထုပ်တန်းမှာ ယနေ့နံနက်၅နာရီက မိုးရွာသွန်းမှုကြောင့်ရေစိမ့်ဝင်သည့်နေရာမှ စတင်ကာ အုတ်များဖြည်းဖြည်းချင်း ပဲ့ထွက်လာပြီး နံနက် ၆ နာရီခွဲတွင် ကျိုးကျခဲ့ကြောင်း သိရသည်။ ကျိုးကျခဲ့သည့် ကွန်ကရစ်ထုပ်တန်းသည် ၁၉၆၁ ခုနှစ်က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ မိုးရေယိုစိမ့်မှုကြောင့် အန္တရာယ်ရှိ နေရာအဖြစ် သတိပေးဗီနိုင်းများ ကပ်ထားခဲ့ကြောင်း၊ ကွန်ကရစ် ထုပ်တန်းပြိုကျမှုကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ ကြောင်း သိရသည်။

ကိုထိန်(ပြန်/ဆက်)