(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (၂၀၀ ကျပ်တန်) အထူးထုတ်  စာပို့တံဆိပ်ခေါင်းသစ် သုံးမျိုး ရောင်းချပေးမည်

31-Dec-2020

နေပြည်တော်   ဒီဇင်ဘာ   ၃၀

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်း သစ်(၂၀၀ ကျပ်တန်) သုံးမျိုးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက် (တနင်္လာနေ့)၊ နံနက် ၉ နာရီခွဲမှ စတင်၍    နေပြည်တော်ဗဟိုစာတိုက်ကြီး၊  ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးတို့နှင့်   တိုင်းဒေသကြီး/ ပြည်နယ်များရှိ   စာတိုက်များတွင် ရောင်းချပေးသွားမည် ဖြစ်သည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ဇန်နဝါရီ ၄ ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် ( Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရ သည်။                                                                               သတင်းစဉ်