ဇော်ဇော်အောင် (၁၉၃၇-၂၀၁၆)

Listing Description

စာရေးဆရာ ဇော်ဇော်အောင်ကို ၁၉၃၇ ခုနှစ် မေလ ၁၃ ရက်နေ့တွင် မုံရွာခရိုင်၊ ဆားလင်းကြီးမြို့၌ အဖ ဦးဘသက်၊ အမိ ဒေါ်တု တို့မှ မွေးဖွား ခဲ့သည်။ အမည်ရင်း ဇော်မြင့်သက်၊ ငယ်စဉ်က မုံရွာမြို့ အမှတ် (၁) အစိုးရ အထက်တန်း ကျောင်းတွင် မူလတန်းမှ အထက်တန်း အထိ ပညာ သင်ကြား ခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ မဟာ ဝိဇ္ဇာဘွဲ့ ရသည်။ ရန်ကုန်တက္ကသိုလ်တွင် လက်ထောက် ကထိက အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ၁၉၅၄ ခုနှစ်ထုတ် သွေးသောက် မဂ္ဂဇင်းတွင် ‘ဇောသလ႞ာ’ ကလောင် အမည်ဖြင့် စာညွန့် တပုဒ် ဖော်ပြ ခံရပြီး ၁၉၅၆ ခုနှစ်၊ မန္တလေးတက္ကသိုလ် နှစ်လည် မဂ္ဂဇင်း တွင်လည်း The story of a friend pieseller (အင်္ဂလိပ် ဘာသာဖြင့်) ဝတ္ထုတို တပုဒ် ရေးသား၍ စာပေ လောကသို့ ရောက်ရှိ လာသည်။ နောက် ရှုမဝ၊ သရဖူ၊ ဟန်သစ်၊ မဟေသီ၊ ရနံ့သစ်၊ စတိုင်သစ်၊ ရုပ်ရှင် သစ္စာ မဂ္ဂဇင်းတွင် ဆောင်းပါး၊ ဝတ္ထုတို၊ အက်ဆေးများ လုံးချင်း စာအုပ်များ၊ အခြား လုံးချင်း ဝတ္ထု စာအုပ်လည်း ရေးသားခဲ့သည်။

ဆရာဇော်ဇော်အောင်သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။

ရေးသားခဲ့သော စာအုပ်များ

ပို့စ်‌မော်ဒန်သီဝရီများ

အနုပညာ၏အသုံးဝင်မှုတန်ဖိုးနင့် အနုပညာ၏တန်ဖိုး

စာ‌ပေါင်းသိုက်အက်‌ဆေးများ

ယုဇန မခင်ပျို

ပို့စ်‌မော်ဒန်သီဝရီများ

ဝေ‌ဝေရီရီ ဝတ္တု

အနုပညာမပါတဲ့ အနုပညာ

မကြည်ပြာနဲ့ ယုဇနမခင်ပျို

နှင့် အခြား စာအုပ် စာတမ်းပေါင်းများစွာတို့ဖြစ်သည်။