ယုသန္တာတင်

Listing Description

သရုပ်ဆောင် ယုသန္တာတင်ကို ၁၉၉၁ ခု၊ မတ်လ ၆ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၌ ဦးအောင်နိုင်၊ ဒေါ်ခင်နွဲ့ရီတို့မှ မွေးသည်။ မွေးချင်း ၂ ယောက်အနက် အကြီး ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် မိသားစုလိုက် ရန်ကုန်သို့ ပြောင်းလာသည်။

အထက(၃) ဒဂုံ ၌ အထက်တန်း အောင်သည်။ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်တွင် မြို့ပြအင်ဂျင်နီယာဘာသာ သင်ကြားသည်။ နောင်သော် ဒဂုံတက္ကသိုလ်၌ အင်္ဂလိပ်စာဘာသာကို အဝေးသင်ဖြင့် သင်ယူရာ ၂၀၁၅ တွင် ဘွဲ့ရသည်။

ပထမဆုံး ရုံတင်ကားမှာ အောင်မြင်ကျော်ကြား စူးရှထက်မြက် ဖြစ်သည်။ ညီညီထွန်းလွင် ရိုက်ကူးပြီး ၂၀၁၅ ခု ရုံတင်သည့် ထိုဇာတ်ကားတွင် နေတိုး၊ အိချောပို၊ ရွှေမှုံရတီ၊ ချမ်းမီမီကိုတို့နှင့် ပါဝင်ခဲ့သည်။