ယင်းချောင်းတံတား

Listing Description

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှ အရှေ့တောင်ဘက် ၁၄ မိုင်အကွာ၊ အုန်းတွဲကျေးရွာအနီးတွင် တည်ရှိသည်။ အရှည်ပေ ၄၆၀ ရှိပြီး အကျယ် ၂၄ ပေ ရှိသည်။ တံတား၏ နံဘေးတစ်ဘက်တစ်ချက်တွင် သုံးပေခွဲစီ ကျယ်သော လူသွားလမ်းများ ပါဝင်သည်။ တံတားအမြင့်ပေ ၄၀ ရှိပြီး ချောင်းတွင်း ရေအများဆုံးအချိန်၌ ရေပြင်အထက် ၁၈ ပေမြင့်နေသေးသည်။ ၁၉၇၀ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၇၃ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ကုန်ကျစရိတ် စုစုပေါင်းမှာ (၄၁)သိန်းကျော် ဖြစ်သည်။ တံတား၏ တစ်ဘက်တစ်ချက် ထိပ်တွင်လည်း ချဉ်းကပ်လမ်းများနှင့် ဥယျာဉ်များ တည်ဆောက်ထားသည်။ မြောက်ဘက်ထိပ်အရှေ့ဘက် တောင်ကုန်းငယ်ပေါ်တွင် သခင်ဖိုးလှကြီး၏ရုပ်တုနှင့် ဆရာစံ၏ ရုပ်တုများ ထုလုပ်ထားသည်။ ယင်းချောင်းတံတား၏ အနောက်ဘက် မိုင်ဝက်ခန့်တွင် ရှိသော သရက်လေးပင်ရွာသည် သခင်ဖိုးလှကြီး၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သည်။