ရွှေမောင်းတီးစေတီတော်

Listing Description

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ မောင်းတီးကျေးရွာတွင် တည်ရှိပါသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ၁၀၈ တောင်ရှိသည်။ စေတီတော်သမိုင်းအရ တဖုဿနှင့် ဘလ္လိကတို့ ပင့်ဆောင်ခဲ့သော ဆံတော်များအနက်မှ မော်တင်စွန်းအရပ်တွင် ဆံတော်နှစ်ဆူကို မော်တင်စွန်းစေတီတော်အဖြစ် တည်ထားခဲ့ပြီးနောက် ဆက်လက်ပင့်ဆောင်လာခဲ့ရာ ဤဒေသသို့အရောက် လေပြင်းမုန်တိုင်းမိ၍ ခေတ္တနားစဉ် ဒေသခံဘုရင်၏ တောင်းဆိုချက်အရ ဆံတော်နှစ်ဆူ ပေးခဲ့ရပြီး ၎င်းဘုရင်က ထိုဆံတော်နှစ်ဆူကို ဌာပနာ၍ ဉာဏ်တော်အမြင့် ၁၈ တောင်ရှိစေတီတော် တည်ထားခဲ့သည်ဟု ဆိုသည်။