ရတနာမာရ်အောင်စေတီတော်

Listing Description

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ညောင်ရွှေမြို့၏ ကျက်သရေဆောင် စေတီတော်မြတ်ကြီးတစ်ဆူဖြစ်ပါသည်။ စေတီတော်ကို သက္ကရာဇ် ၁၂၃၈ ခုနှစ်တွင် စော်ဘွား ဆာစဝ်မောင်က မင်းတုန်းမင်းကြီးချီးမြှင့်လိုက်သော ရွှေချိန် (၁၀၈ိ)ကျပ်သားရှိ ဗုဒ္ဓမြတ်စွာ၏ တရာ့ရှစ်ကွက် ပါဒစက်လက္ခဏာပုံတော်၊ ပတ္တမြားကိုးရစ် ရွှေစစ်ကွပ်သံလျက်တော် တို့နှင့် အတူ မြတ်စွာဘုရား ၏ ဓါတ်တော်အစစ်များကို ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့ပါသည်။ နှစ်စဉ်နှစ်တိုင်း ကဆုန်လဆန်း ၁၂ ရက်နေ့မှစ၍ ကဆုန်လပြည့်နေ့အထိ လေးရက်ပတ်လုံး ရတနာမာရ်အောင်စေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးကပ်လှူပွဲကို စည်ကားစွာကျင်းပပါသည်။ စေတီတော် ပရိဝုဏ်အတွင်း၌လည်း စော်ဘွား ဆာစဝ်မောင်နှင့် (ဇနီး) မဟာဒေဝီ စဝ်နန်းယာတို့၏ ဂူဗိမ္ဗာန်များကို တွေ့မြင်နိုင်သည်။