ရိဒ်ရေကန်၏ ထူးခြားချက်တစ်ခုဖြစ်သည့် နှစ်စဉ်နှစ်တိုင်းကန်ရေနောက်ခြင်းသည် ယခင်နှစ်ထက် ပိုမို

Listing Description


ရိဒ်ခေါဒါရ် ဇန်နဝါရီ ၂

မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက် ရှိ ချင်းပြည်နယ်၏ အမှတ်သင်္ကေတနှင့် အထင်ကရ  နေရာဒေသတစ်ခုဖြစ် သည့် အသည်းနှလုံးပုံသဏ္ဌာန် ရိဒ်ရေ ကန်၏ ထူးခြားချက်တစ်ခုဖြစ်သည့် ဆောင်းတွင်းရာသီ၌ နှစ်စဉ်နှစ်တိုင်း ကန်ရေနောက်ခြင်း  ဖြစ်ပေါ်လေ့ရှိ သည်။

နှစ်စဉ်နှစ်တိုင်း ရေနောက်

ရိဒ်ခေါဒါရ်မြို့ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးချန့်လျန်နာက "ကန် ရေဟာ နှစ်စဉ်နှစ်တိုင်း  ရေနောက် ပြီး      ရေမနောက်တဲ့နှစ်တစ်နှစ်မှ မရှိသေးပါဘူး။ ဆောင်းရာသီအဝင်စောပြီးအအေးလွန်ကဲတဲ့ နှစ်မှာဆိုရင်    ကန်ရေနောက်တာလည်းစောပြီး      ပိုမိုလည်း နောက်ကျိလာတယ်။  ဒါပေ မယ့်     အအေးပေါ့တဲ့နှစ်တွေဆိုရင်  ရေနောက်တဲ့အချိန်   နောက်ကျပြီး ရေနောက်ရုံသာသာလေး နောက်တာ ပါ။ ကန်ရေနောက်လာလို့ ရှိရင်လည်း  ချက်ချင်း  နောက်လာတာမဟုတ်ဘဲ  တစ်ပတ်လောက်    အချိန်အတွင်း တဖြည်းဖြည်း    နောက်ကျိလာတာ ဖြစ်ပြီးတော့   ကန်ရေပြန်ကြည် လင်လာတာကလည်း      ချက်ချင်း ကြည်လင်လာတာမဟုတ်ဘဲ       လနဲ့ ချီပြီး တဖြည်းဖြည်း ပြန်ကြည်လင်လာ တာပါ။  နှစ်စဉ်  ကန်ရေနောက်ကျိ လာတာက များသောအားဖြင့်  ဒီဇင်ဘာ လနှောင်းပိုင်းတွင်ဖြစ်ပြီး   ကန်ရေ လုံးဝပြန်ကြည်လင်လာတာကတော့ များသောအားဖြင့်    ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ    ဖြစ်ပါတယ်"  ဟု ပြောကြားသည်။

အထင်ကရ ရေကန်ကြီး

ရိဒ်ရေကန်သည် လူရှိုင်း၊ ဟွာလ်ငို (မီဇိုး)ချင်းလူမျိုးများ၏ သမိုင်းဝင် အထင်ကရ ရေကန်ကြီးတစ်ကန်ဖြစ် ပြီး ပြည်တွင်း၊ ပြည်ပမှ လေ့လာရေး ခရီးနှင့် အပန်းဖြေခရီးတို့ဖြင့် နှစ်စဉ် လာရောက်လည်ပတ်သူ       များပြား ကြောင်း သိရသည်။

လာလ်ပက်လောမ်(ပက်ကာ)