ရှင်ဘို့မယ်ဘုရား

Listing Description

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအလယ်ရပ်ကွက်၊ ၂၉ လမ်း နှင့် လမ်း ၃၀ ကြား၊ ၈၃ လမ်း နှင့် ၈၄ လမ်း ကြားတွင် တည်ရှိပါသည်။ အင်းဝခေတ် မင်းငါးဆက်၏မိဖုရား ရှင်ဘို့မယ်က သက္ကရာဇ် ၇၉၂ (အေဒီ - ၁၄၃၀) ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သည်။ ရာဇဝင်အရ မိဖုရားကြီးရှင်ဘို့မယ်၏ နောက်ဆုံးကြင်ယာတော် မိုးညှင်းမင်းတရားကြီးသည် စစ်ကိုင်းမြို့တွင် ရတနာစေတီဆင်များရှင်ဘုရားကို တည်ထားကိုးကွယ်စဉ် ရှင်ဘို့မယ်မိဖုရားကိုလည်း ကြိုက်နှစ်သက်ရာအရပ်တွင် ဘုရားတည်ရန် ခွင့်ပြုသဖြင့် ရှင်ဘို့မယ်မိဖုရားက သက္ကရာဇ် ၇၉၂ ခုနှစ်တွင် ရှေးခေတ်အခေါ် ခတ္တိယရွာဦးထိပ်၌ တည်ထားကိုးကွယ်ခဲ့ပါသည်။ ရှေးယခင်က ခတ္တိယဘို့မယ်ဘုရားဟု ခေါ်တွင်ခဲ့ကြပြီး ယခုအခါ ခတ္တိယပျောက်၍ ရှင်ဘို့မယ်ဘုရားဟု ခေါ်တွင်ပါသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် အတောင် သုံးဆယ်ကျော်ရှိ လိုဏ်ခံစေတီအမျိုးအစားဖြစ်ပြီး လိုဏ်အတွင်းတွင် ဆင်းတုတော်တစ်ဆူ ပူဇော်ထားရှိသည်။ စေတီတော်၏ပတ်လည်တွင် ခေတ်အဆက်ဆက် ရုပ်ပွားဆင်းတုတော်များ ပူဇော်ထားရှိသည်။ ဘုရားပွဲတော်အား နှစ်စဉ်သီတင်းကျွတ်လပြည့်ကျော်တွင် ကျင်းပပါသည်။