ဝဇီရာရုပ်ရှင်ရုံ

Listing Description

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်လမ်းပေါ်တွင် တည်ရှိသည်။ ၁၉၂၀ ပြည့်နှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ရှေးအကျဆုံး ရုပ်ရှင်ပြဇာတ်ရုံကြီးတစ်ခု ဖြစ်သည်။ အလျား ၁၁၅ ပေခန့်၊ အနံ ၁၄၀ ပေခန့်ဖြင့် တည်ဆောက်ထားရှိပြီး မူလနာမည်မှာ Excelsior (အိတ်ဆဲ စီယာရုံ) ဖြစ်သည်။ ၁၉၄၂ ခုနှစ်တွင် “အေဝမ်းရုပ်ရှင်ရုံ” ဟူ၍ လည်းကောင်း၊ ၁၉၆၈ ခုနှစ်တွင် “ဝဇီရာ” ဟူ၍လည်းကောင်း အမည်ပြောင်းခဲ့သည်။ ဝဇီရာ ရုပ်ရှင်ရုံသည် ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ပြင်သစ် ဗိသုကာ အသွင်အပြင်များ ပေါင်းစပ်ထား သည့် Beaux Arts ဗိသုကာလက်ရာပုံစံဖြစ်ပြီး ရုပ်လုံးရုပ်ကြွများဖြင့် တန်ဆာဆင်ထားသည်။