ဝဏ္ဏသိဒ္ဓိရေကူးကန်

Listing Description

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ဝင်းအတွင်းတည်ရှိသော နိုင်ငံတကာအဆင့်မီ မိုးလုံလေလုံရေကူးကန်ကြီးဖြစ်သည်။ ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပရန် ရည်ရွယ်၍ ၂၀၁၁ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ မက်စ်မြန်မာ ကုမ္ပဏီမှ တည်ဆောက်ခြင်းဖြစ်ကာ ၂၀၁၃ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ရေကူးပြိုင်ပွဲအတွက် မီတာ ၅၀ ရေကူးကန်တစ်ကန်၊ ဒိုင်ဗင်အားကစားနည်းအတွက် ရေကူးကန်တစ်ကန်၊ အပြင်ဖက်တွင် လေ့ကျင့်ရန် ရေကူးကန်တစ်ကန်ပါဝင်ကာ ပရိသတ် ၃၀၀၀ ဝင်ဆံ့သည်။ မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ မိုးလုံလေလုံရေကူးကန်အနေဖြင့် ဤရေကူးကန်နှင့် တပ်မတော်ပိုင် ဇေယျာသီရိအားကစားပြိုင်ဝင်းမှ ဇေယျာသီရိရေကူးကန်တို့သာ တည်ရှိသည်။