ဝဏ္ဏသိဒ္ဓိအားကစားကွင်း

Listing Description

ဝဏ္ဏသိဒ္ဓိ အားကစားကွင်းသည် ဘက်စုံအားကစားကွင်းတစ်ခုဖြစ်ပြီး ပျဉ်းမနား-တောင်ညိုလမ်း၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်ပြည်ထောင်စုနယ်မြေတွင် တည်ရှိသည်။ ခေတ်မှီအားကစားခန်းမနှင့် ရေကူးကန်တို့ပါဝင်၍ ဘက်စုံသုံး နိုင်ငံတကာအဆင့်မီ အားကစားကွင်းတစ်ခုဖြစ်ပါသည်။ ကြည့်ရှုသူ လူဦးရေ ၃၀,၀၀၀ ဆန့်ကွင်းတစ်ခု ဖြစ်ပြီး အဆိုပါအားကစားကွင်းတွင် ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတော်၊ ၂၀၁၄ ခုနှစ် အရှေ့တောင်အာရှ မသန်စွမ်း အားကစားပွဲတော်တို့၏ ဖွင့်ပွဲ၊ ပိတ်ပွဲများကို လက်ခံကျင်းပခဲ့သည်။