ဦးသန်းထွတ် (၁၉၃၅ - ၂၀၂၀)

Listing Description

ဦးသန်းထွတ်ကို အဖ ဦးသာဆင်၊ အမိ ဒေါ်ငွေဥ တို့မှ ၁၉၃၅-ခုနှစ်တွင် မော်လမြိုင်ကျွန်းမြို့၌ မွေးဖွားသည်။ ၁၉၅၉-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ၊ ၁၉၆၂ ခုနှစ်တွင် ပညာရေးဝိဇ္ဇာဘွဲ့၊ ၁၉၇၈ ခုနှစ်တွင် ပညာရေးတက္ကသိုလ်မှ မဟာပညာရေးဘွဲ့ ရခဲ့သည်။ မြန်မာနိုင်ငံသုတေသနအသင်းက ဆရာကြီးဦးဘ အထိမ်းအမှတ် အကောင်းဆုံး မဟာပညာရေးဘွဲ့ ကျမ်းပြုသူဆု ချီးမြှင့်ခဲ့သည်။

၁၉၆၂ ခုနှစ်မှ ၁၉၉၅ ခုနှစ် အငြိမ်းစားယူသည် အထိ အထက်တန်းပြဆရာ၊ ဆရာအတတ်သင်လက်ထောက်ကထိက၊ ပညာရေးတက္ကသိုလ် သင်ပြနည်းဌာန၊ လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အငြိမ်းစားယူပြီးနောက် ဂုဏ်ထူးဆောင်ပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

မြန်မာနိုင်ငံစာတတ်မြောက်ရေးကောမတီ၊ သက်ကြီးစာပဒေသာ ပြုစုရေးကော်မတီ အတွင်းရေးမှူး၊ ပညာလောကစာစောင် စာတည်းအဖွဲ့ဝင်၊ မြန်မာစာသင်ရိုးအဖွဲ့ဝင်၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်များအုပ်ချုပ်ရေး ဗဟိုအဖွဲ့ အဖွဲ့ဝင်၊ စာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင်၊ မဂ်လာဗျူဟာ အသင်းချုပ်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

အမျိုးသားပညာရေးမဂ္ဂဇင်းများကို လေ့လာခြင်း ဖြင့် ၁၉၉၆ ခုနှစ်၊ ပခုက္ကူဦးအုံးဖေဆု သုတေသနစာပေ ပထမဆုရခဲ့သည်။

ဆရာကြီးဦးသန်းထွတ်သည်၂၈ စက်တင်ဘာ ၂၀၂၀ တွင်ကွယ်လွန်သည်။

ရေးသားခဲ့သော စာအုပ်များ

ပထမပုံနှိပ် မြန်မာသင်ပုန်းကြီးနှင့် အစောဆုံး မြန်မာဖတ်စာ စာတမ်း       ၁၉၈၀          

ပညာမင်းကြီး စည်သူ ဦးကောင်းနှင့် ပညာမင်းကြီး စည်သူ ဒေါက်တာဦးဘတို့၏ အတ္ထုပ္ပတ္တိ သုတေသနစာတမ်း    ၁၉၉၁          

အမျိုးသားပညာရေး မဂ္ဂဇင်းများကို လေ့လာချက် သုတေသနစာတမ်း       ၁၉၉၆  (ဒေါ်ထူးထူးအောင်နှင့် တွဲ၍)

မြန်မာ့ရိုးရာ စကားပုံပုံပြင်များ          ၁၉၉၇          

တပည့်နှင့်ဆရာ ရေနှင့်ကြာ   ၁၉၉၉          

ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ စကားအဆိုအမိန့်များ      ၁၉၉၉          

မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်းပညာရေး သမိုင်း         ၁၉၈၀          

မြန်မာစာ သင်ကြားရေး                          

နှင်းဆီဝတ်မှုန်                   

သိပ္ပံမောင်ဝနှင့် ခေတ်စမ်းစာပေ                         

စစ်ပြီးစ စာပေလှုပ်ရှားမှု                          

ဝေလွင်လွင်                      

သီတာရေစင်                     

သီရိဂေဟာ သက်ကြီးစာစဉ်များ                         

မြန်မာ ကလေးကဗျာစာတမ်း ၁၉၇၉