ဦးပြုံးချိုစေတီ

Listing Description

ငြိမ်းချမ်းရေးမြို့ဦးစေတီလေးဆူတွင် တစ်ဆူအပါအဝင်ဖြစ်သော ဦးပြုံးချိုစေတီသည် ရှားတောမြို့၊ ကယားပိုင်း၏ အရှေ့မြောက်ဘက် စာသင်ကျောင်းအနီး အမြင့် ၅ ပေ၊ အလျား ၁၆၅ ပေ၊ အနံ ၁၁၅ ပေ၊ ထု ၃ ပေခန့်ရှိသော အုတ်တံတိုင်း ပရဝုဏ်အတွင်း၌ အခြားငြိမ်းချမ်းရေးမြို့ဦးစေတီ သုံးဆူဖြစ်ကြသော ပုဟိန်ထောက်စေတီ၊ ဖကန္နစေတီတော်ဖကေတုစေတီတော်တို့နှင့် တစ်စုတည်းတည်ရှိသည်။ ဖကေတုစေတီတော်၏ အရှေ့ဘက်ကပ်လျက်တွင် တည်ရှိ၍ ရှစ်မြှောင့်ပစ္စယံ ၄ ဆင့်ခံ၍ ခေါင်းလောင်းပုံ စေတီ အလျား ၁၃ ပေ၊ အနံ ၁၃ ပေ၊ ဉာဏ်တော်အမြင့် ၂၅ ပေခန့်ဖြင့် တည်ထားပါသည်။ ခေါင်းလောင်းနား၏ အောက်ခြေတွင် ကြာဖတ်ပုံစံ အင်္ဂတေဖောင်းလိုင်းပြုလုပ်ထား၍ ဖောင်းရစ် ၇ ရစ်ပါရှိသည်ကို လေ့လာတွေ့ရှိရပါသည်။