တနင်္သာရီတံတား

Listing Description

တနင်္သာရီတိုင်‌‌ဒေသကြီး မြိတ်ခရိုင်မှ တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်းမြို့သို့ သွားသည့် မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းမကြီး၏ မိုင်တိုင်အမှတ် (၄၉/၄) နှင့် (၄၉/၆) အကြား တနင်္သာရီမြစ်ကိုဖြတ်သန်း တည်ဆောက်ထားသည်။ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ပြီးစီးခဲ့သည်။ တံတား၏ အရှည် ၁၄၄၄ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ လူသွားလမ်း တစ်ဖက်လျှင် ၄ ပေအကျယ်စီ၊ ရေလမ်းကင်းလွှတ်အကျယ် ၁၆၄ ပေ၊ ရေလမ်းကင်းလွတ် အမြင့် ၃၃ပေဖြစ်သည်။    တံတားအမျိုးအစားမှာ အောက်ခြေအုတ်မြစ်(1.5)mQ ဘိုးပိုင်၊ RC ကွန်ကရစ်ကိုယ်ထည်ဖြစ်ပြီး၊ အပေါ်ထည်မှာ RC Girder, PC Girder, Steel Box Girder နှင့် RC Decking တို့ဖြစ်ကာ ယာဉ်နှင့်ကုန် ၇၅ တန် ဖြတ်သန်းသွားလာနိုင်သည်။