တနင်္သာရီ သဘာဝကြိုးဝိုင်း

Listing Description

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် တနင်္သာရီ တောင်တန်း ပေါ်တွင်တည်ရှိပြီး မြောက်ဘက် တနင်္သာရီ အမျိုးသားဥယျာဉ် မှ ထိုင်းနိုင်ငံ နယ်စပ်မျဉ်း Kaeng Krachan National Park၊ထိုင်းနိုင်ငံနှင့် ထိစပ်နေသည်။ အပူပိုင်းမိုးသစ်တောများနှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်၍ ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ အကျယ်အဝန်း ၁၆၉၉.၉၉ စတုရန်းကီလိုမီတာရှိသည်။ ထိန်းသိမ်းရေးနယ်မြေ၏ ၇၅% ကို အမြဲစိမ်းတောများဖုံးလွှမ်းထားပြီး ရွက်ကြွေတော(ဝါး) အမျိုးအစားလည်းရှိသည်။ အာရှဆင် ကျက်စား နေထိုင်နေကြသည်။ တောင်ငုံးရင်မည်း သို့မဟုတ် ဂါးနီးတောင်ငုံးများကို အများအပြားတွေ့ရှိနိုင်သည်။ တစ်ကမ္ဘာလုံးခြိမ်းခြောက်ခံနေရသော နို့တိုက်သတ္တဝါမျိုးစိတ် ၇၀ နီးပါးလည်းရှိသည်။ ဤသဘာဝထိန်းသိမ်းရေးနယ်မြေ၌ ခရီးသွားလှည့်လည်သူများအား သွားလာခွင့်မပြုပါ။